မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဌာနတွင်းလူ့အခွင့်အရေး အသိပညာပေးသင်တန်း ဖွင့်လှစ် (ရန်ကုန်၊ မေလ ၁၄ ရက်)
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး
ကော်မရှင်သည် ကော်မရှင်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အများပြည်သူ၏
လူ့အခွင့်အရေးအသိပညာ မြင့်မားလာစေရေးအတွက် သတင်းအချက်အလက်များဖြန့်ချိခြင်း၊
ပညာပေးခြင်းလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်လျက်ရှိသကဲ့သို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးချုပ်နှင့်
ရုံးခွဲများမှ အသစ်ခန့်အပ်သော ကော်မရှင်ရုံး ဝန်ထမ်းများအတွက် ဌာနတွင်းလူ့အခွင့်အရေး အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ၁၄-၅-၂၀၂၅ ရက်နေ့၊ ၁၃း၀၀ နာရီအချိန်တွင် မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ Conference Room ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့
ကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ ခေတ္တညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းတက်ရောက်ကြမည့် ကော်မရှင်ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ အမျိုးသား
လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က အဖွင့်အမှာစကားပြောကြားရာ၌ “ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး
ကော်မရှင်ကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပါ
နိုင်ငံသားများ၏ မူလအခွင့်အရေးများ ပိုမိုမြှင့်တင် ကာကွယ်စောင့်ရှောက်ရန်နှင့်
နိုင်ငံတော်ကလက်ခံထားသည့် အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ သဘောတူညီချက်များပါ
လူ့အခွင့်အရေးများကို မြှင့်တင်ကာကွယ်ပေးနိုင်ရန်အတွက် ရည်ရွယ်ဖွဲ့စည်း တည်ထောင်ထားခဲ့ခြင်းဖြစ်ကြောင်း၊
ကော်မရှင်၏ အဓိကတာဝန်များတွင် လူ့အခွင့်အရေး အသိပညာပေးခြင်းသည် အရေးကြီးသော
တာဝန်တစ်ရပ်ဖြစ်ကြောင်း၊ ကော်မရှင်ရုံးရှိ
ဝန်ထမ်းများအနေဖြင့်လည်း ပုံမှန်ရုံးလုပ်ငန်း တာဝန်များကိုသာမက လူ့အခွင့်အရေးအခြေခံအယူအဆများ၊
အရေးပါတဲ့ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်ပါ လူ့အခွင့်အရေးများ၊ လူ့အခွင့်အရေးကော်မရှင်ရဲ့
တာဝန်နဲ့လုပ်ပိုင်ခွင့်များစတဲ့ အကြောင်းအရာတွေကိုလည်း မဖြစ်မနေ
သိရှိထားဖို့လိုအပ်ကြောင်း၊ ထိုရည်မှန်းချက်နှင့်တာဝန်များကို
ဖြည့်ဆည်းဆောင်ရွက်ရန်အတွက် ယခုကဲ့သို့ ဌာနတွင်းလူ့အခွင့်အရေးအသိပညာပေးသင်တန်း ဖွင့်လှစ်ပေး
ခြင်းဖြစ်ကြောင်း” စသည်ဖြင့် ပြောကြားပါသည်။
ထို့နောက် မြန်မာနိုင်ငံ အမျိုးသား
လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်က သင်တန်းနှင့်စပ်လျဥ်းသည့်
အကြောင်းအရာများကို ပဏာမပြောကြားခဲ့ပါသည်။
အဆိုပါသင်တန်းကို စုစုပေါင်း သင်တန်းသားဦးရေ (၂၉) ဦးဖြင့် ၁၄-၅-၂၀၂၅
ရက်နေ့မှ ၁၆-၅-၂၀၂၅ ရက်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းပို့ချမှုအား Hybrid Format အသုံးပြုပြီး ဆွေးနွေးပို့ချသွား
မည်ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

