မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် လူ့အခွင့်အရေး အသိပညာပေး သင်တန်း အမှတ်စဥ် (၂/၂၀၂၃) ဖွင့်လှစ်

  • News

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ ကော်မရှင်ဥပဒေပုဒ်မ ၂၂ (က) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အများပြည်သူ၏ လူ့အခွင့်အရေးအသိပညာ မြင့်မားလာစေရေးအတွက် သတင်းအချက်အလက်များဖြန့်ချိခြင်း၊ ပညာပေးခြင်းလုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်နည်းတူ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (၇၅) နှစ်မြောက် အခါသမယတွင် လူ့အခွင့်အရေး မြှင့်တင်ပညာပေးရေး လုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့်တင်ဆောင်ရွက် လျက်ရှိရာ မြန်မာနိုင်ငံ အမျိုးသား  လူ့အခွင့်အရေး ကော်မရှင်ရုံးမှ အရာထမ်း၊ အမှုထမ်းများ အတွက်  ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအကြောင်းအသိပညာပေးသင်တန်းအမှတ်စဥ်(၂/၂၀၂၃) ဖွင့်လှစ်ခြင်းအခမ်းအနားကို ၁၉--၂၀၂၃ ရက်နေ့၊ နံနက် ၁၀း၀၀နာရီအချိန်တွင် ကော်မရှင်ရုံး၊ Conference Room  ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်  ညွှန်ကြားရေးမှူးများ၊  သင်တန်းနည်းပြများ၊ သင်တန်းတက်ရောက်ကြမည့် ကော်မရှင်ရုံး အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင်  မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က အဖွင့်အမှာစကား ပြောကြားရာ၌  “ ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ဒုတိယကမ္ဘာစစ်ပြီး နောက်ပိုင်း မျက်မှောက်ခေတ် ကမ္ဘာကြီး၏ လူ့အခွင့်အရေးစံနှုန်းများဟု ဖော်ညွှန်းနိုင်သည့်  ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း (Universal Declaration of Human Rights-UDHR) ကို ထုတ်ပြန်ကြေညာခဲ့သည်မှာ လာမည့် ဒီဇင်ဘာလတွင် (၇၅) နှစ်ပြည့်တော့မည်ဖြစ်ကြောင်း၊ (၇၅) နှစ်ပြည့် အထိမ်းအမှတ် အခါသမယဖြစ်သည့် ၂၀၂၃ ခုနှစ်အတွင်း၌ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအကြောင်း ပြည်သူအားလုံး ပိုမိုသိရှိစေရေးအတွက် အသိပညာပေးလုပ်ငန်းများကို ကမ္ဘာနှင့်အဝှမ်းတွင် သူ့နည်းသူ့ဟန်နှင့် ဆောင်ရွက်ကြသလို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ‌ကော်မရှင် အနေဖြင့်လည်း ဆောင်ရွက်နိုင်သည့် နည်းလမ်းပုံစံမျိုးစုံနှင့် တတ်အားသရွေ့ ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ကမ္ဘာပေါ်ရှိ မည်သည့် လူ့အခွင့်အရေး အဖွဲ့အစည်းမဆို အဓိကထား လုပ်ကိုင်ကြရသော  လုပ်ငန်းတာဝန်ကြီးနှစ်ရပ်ဖြစ်သည့် လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် လူ့အခွင့်အရေး ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ဤကြေညာစာတမ်းကြီးကို လုပ်ငန်းလမ်းညွှန်သဖွယ် အထောက်အထားပြု မှီငြမ်းကြရသည့် အရေးကြီးသော ဘာသာရပ်ဖြစ်ပါကြောင်းနှင့် ကော်မရှင်ရုံးဝန်ထမ်းများအနေနှင့် မဖြစ်မနေ သိထားသင့်သည့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းနှင့် ပတ်သက်သော အသိပညာ ဗဟုသုတများ ဆည်းပူးရရှိစေရန်၊ ဝန်ထမ်းများ၏ လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်လာပြီး ကော်မရှင် လုပ်ငန်းများကို  အထောက်အကူ ဖြစ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့်  ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းဆိုင်ရာ ပညာပေးသင်တန်းများ ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း စသည်ဖြင့် ပြောကြားပါသည်။

ဆိုပါသင်တန်းကို ကော်မရှင်ရုံးခွဲများမှ ဝန်ထမ်းများအပါအဝင် သင်တန်းသားဦးရေ  (၃၃)  ဦး ဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ပြီး  သင်တန်းပို့ချမှုအား Online, Face to Face  စနစ် (၂)  မျိုးဖြင့် Hybrid Format ကို အသုံးပြုပြီး ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းပါ လူ့အခွင့်အရေးဆိုင်ရာဘာသာရပ်များ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

  မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News