မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အလုပ်သမားကလေးများအား အလုပ်ရှင်က ညှဉ်းပန်းနှိပ်စက်သည်ဟုဆိုကာ လူစုလူဝေးဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်အား စုံစမ်းမေးမြန်းခဲ့သည့်သတင်း

  • News

၁။      ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အမှတ် (၈၇) ရပ်ကွက်၊ မဂ္ဂင်လမ်း နှင့်ကျန်စစ်သားလမ်းထောင့်၊ အမှတ် (၆၂၅) နေ အိမ်ရှင် ဦးသီဟထွန်း (ဘ) ဦးထွန်းဝင်း တရုတ်-ဗမာ/ဗုဒ္ဓသည် “လိုတရရွှေစံလှ” ပေါက်စီမုန့်တိုက်တွင် လုပ်ကိုင်နေသည့် ကလေးများကို အလုပ်ရှင် က ညှဉ်းပန်းနှိပ်စက်နေကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က လူမှုကွန်ရက် စာမျက်နှာများမှ သတင်းရရှိခဲ့ပါသည်။

၂။       ရရှိခဲ့သည့် သတင်းများအရ ၂၁-၁၁-၂၀၂၀ ရက်နေ့ (စနေနေ့) တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ တာဝန်ပေးချက်အရ ညွှန်ကြားရေးမှူး (ကာကွယ်/စောင့်ရှောက်) ဦးဆောင်သော ကွင်းဆင်းစုံစမ်းစစ်ဆေးရေးအဖွဲ့က အခင်းဖြစ်ပွားရာ ဒဂုံ (ဆိပ်ကမ်း) မြို့နယ်သို့ ကွင်းဆင်းစုံစမ်းလေ့လာခဲ့ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။

၃။      တွေ့ဆုံမေးမြန်းချက်များနှင့် မြေပြင်တွေ့ရှိချက်များအပေါ် သုံးသပ်အကြံပြုချက်များကို သက်ဆိုင်ရာသို့ ပေးပို့သွားမည် ဖြစ်ပါသည်။

                                                                                                                                                                                                        မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

Recent News