မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ များ ရှင်းလင်းဆွေးနွေးပွဲများ ကျင်းပ

  • News

    မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် ပြည်သူလူထုအတွင်း လူ့အခွင့်အရေးဆိုင်ရာအသိပညာများ ပိုမိုပြန့်ပွားစေရန်နှင့် လူ့အခွင့်အရေးကိုမှန်ကန်စွာသိရှိပြီး လေးစားလိုက်နာကျင့်သုံးလာနိုင်စေရန် ရည်ရွယ်ချက်များဖြင့် လူ့အခွင့်အရေးအသိပညာပေး ဆွေးနွေးပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်နှင့် ကော်မရှင် အဖွဲ့ဝင် ဦးညွန့်တင် ဦးဆောင်သောအဖွဲ့သည် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကွမ်းခြံကုန်းမြို့နှင့် ကော့မှူးမြို့များတွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။

    ရှေးဦးစွာ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်နှင့် ကော်မရှင်အဖွဲ့ဝင် ဦးညွန့်တင် ဦးဆောင်သောအဖွဲ့သည် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၀၉:၀၀ နာရီမှ ၁၂:၀၀ နာရီ အထိ ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့၊ ဇာတိမာန်ခန်းမတွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က လူ့အခွင့်အရေး အခြေခံအယူအဆများအကြောင်းကို လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးညွန့်တင်က ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအကြောင်းကို လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် ဆောင်ရွက်ချက်များ အကြောင်းကို လည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော  ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းဝင်များ နှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း အင်အား   ၂၇၃ ဦး တက်ရောက်ခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲတွင် တက်ရောက်လာသူများမှ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းခဲ့ကြရာ ကော်မရှင်ဒုတိယ ဥက္ကဋ္ဌ ဦးစစ်မြိုင်က မေးမြန်းချက်များကို ပြန်လည် ရှင်းလင်းဆွေးနွေး ဖြေကြားခဲ့ပါသည်။

    ဆက်လက်၍ မွန်းလွဲ ၁၃:၀၀ နာရီမှ ၁၆:၀၀ နာရီအထိ ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနခန်းမတွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် က လူ့အခွင့်အရေး အခြေခံအယူအဆများ အကြောင်းကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးညွန့်တင်က ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း အကြောင်းကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်း နှင့် ဆောင်ရွက်ချက်များ အကြောင်းကိုလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော  ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းဝင်များနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း အင်အား ၂၀၀ ဦး တက်ရောက်ခဲ့သည်။ အဆိုပါဆွေးနွေးပွဲတွင် တက်ရောက်လာသူများမှ သိရှိလို သည့် မေးခွန်းများကို မေးမြန်းခဲ့ကြရာ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးဖြေကြားခဲ့ပါသည်။

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် ပြည်သူအများ လူ့အခွင့်အရေးကို မှန်ကုန်စွာသိရှိစေရန်၊ မှန်ကန်စွာ ကျင့်သုံးတတ်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ ကွမ်းခြံကုန်းမြို့နှင့် ကော့မှူးမြို့များတွင် လူ့အခွင့်အရေးအကြောင်းသိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများ ပြုလုပ်ဆောင်ရွက်နိုင်ခဲ့ပြီး ယခုကဲ့သို့သော ဆွေးနွေးဟောပြောပွဲများကို ဆက်လက် ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။