မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန် မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်တွင် ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး အသိပညာ ပြန့်ပွားရေး ဆွေးနွေးဟောပြောပွဲ ကျင်းပခြင်း

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် မြို့ပေါ်နေ ပြည်သူများသာမက ရပ်ကွက်/ကျေးရွာနေ ပြည်သူများအတွင်း၌ လူ့အခွင့်အရေး အသိပညာဗဟုသုတများ သိရှိပြန့်ပွားစေရန် ရည်ရွယ်၍ ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် အသိပညာပြန့်ပွားရေး ဆွေးနွေးဟောပြောပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင်သောအဖွဲ့သည် ၂၀၁၉ ခုနှစ် သြဂုတ်လ ၆ ရက်နေ့ (၁၃:၀၀) နာရီ အချိန်တွင်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနခန်းမတွင် ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါ ဟောပြောပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဒေသခံရပ်ကွက်ပြည်သူများနှင့်  စိတ်ပါဝင်စားသူများ စုစုပေါင်း  (၈၈) ဦး တက်ရောက်ခဲ့ပါသည်။

    ဆွေးနွေးဟောပြောပွဲတွင် ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်ဝင်းမှ လူ့အခွင့်အရေးအခြေခံအယူအဆများကို လည်းကောင်း၊ ကော်မရှင်၏ လူ့အခွင့်အရေး အသိပညာပေးသူများသင်တန်းမှ သင်တန်းဆင်း Educator တစ်ဦးဖြစ်သူ ဦးကျော်မြင့်က ကလေးသူငယ်အခွင့်အရေးများကိုလည်းကောင်း၊ Educator ဒေါ်သန္တာက အမျိုးသမီးအခွင့်အရေးများကိုလည်းကောင်း၊ ကော်မရှင်ရုံးမှ Educator ဦးကောင်းခန့်ဇင် က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အကြောင်းကိုလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ကြပြီး တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို‌ မေးမြန်းခဲ့ကြရာ မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ပါသည်။

Recent News