မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ရဲအရာရှိများအတွက် လူ့အခွင့်အရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

  • News

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ ၂၀၁၆ ခုနှစ်၊ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် လေ့ကျင့်ပညာပေးရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်တစ်ရပ်အဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လုံခြုံရေး ရဲကွပ်ကဲမှု အဖွဲ့မှူးရုံးများမှ ရဲအရာရှိများအတွက် လူ့အခွင့်အရေးဆိုင်ရာ အသိပညာ မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့ နံနက် ၉:၀၀ နာရီက၊ အမှတ် (၄) လုံခြုံရေး ရဲကွပ်ကဲမှု အဖွဲ့မှူးရုံး (စစ်တွေ) ၌ ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းတို့က တက်ရောက် အဖွင့်အမှာစကား ပြောကြား ခဲ့ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ဦးဇော်ဝင်းတို့က လူ့အခွင့်အရေးဘာသာရပ်နှင့် စပ်လျဉ်း၍ ဆွေးနွေးပို့ချကြပြီး အလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက်သူများက အဖွဲ့လိုက်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ အလုပ်ရုံ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ် (၄) လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှူးရုံး (စစ်တွေ) မှ ရဲအရာရှိ (၅၀) ဦး တက်ရောက်ကြပါသည်။ သင်တန်းကို ဧပြီလ ၅ ရက်နေ့အထိ ၂ ရက်ကြာ ကျင်းပပြုလုပ် မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Recent News