မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် ကော်မရှင်ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ လုပ်ငန်းအဖွဲ့မှကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခြင်း

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် ကော်မရှင်ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများလုပ်ငန်းအဖွဲ့ (CSO Working Group on Myanmar National Human Rights Commission Reform) မှ ကိုယ်စားလှယ်အဖွဲ့တို့သည် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၀ ရက်နေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့ရှိမြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရုံး၌ တွေ့ဆုံ၍ ကော်မရှင်နှင့် အရပ်ဘက်အဖွဲ့အစည်းများပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းရပ်များ၊ ကော်မရှင်ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ လုပ်ငန်းအဖွဲ့၏ အကြံပြုချက်များနှင့် စပ်လျဉ်း၍ ပူးပေါင်းလုပ်ဆောင်နိုင်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ သည်။

    တွေ့ဆုံဆွေးနွေးပွဲသို့ ကော်မရှင် ဥက္ကဋ္ဌဦးလှမြင့်၊ ဒုတိယဥက္ကဋ္ဌဒေါက်တာနန္ဒာမွှန်း၊ ကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးပေါ်လွင်စိန်၊ ဒေါက်တာသန်းမြင့်၊ ဒေါက်တာတင်မောင်မောင်သန်းနှင့် ဒေါက်တာမြင့်သူမြိုင်နှင့် ဒေါ်တင်ကြည်ဦး တို့ တက်ရောက် ကြပြီးကော်မရှင်ပြုပြင်ပြောင်းလဲရေး ဆိုင်ရာအရပ်ဘက် အဖွဲ့အစည်းများလုပ်ငန်းအဖွဲ့မှ ဦးအောင်မျိုးမင်း (ညီမျှခြင်းမြန်မာ)၊ မစုရီထွန်း (Human Rights Educators Network)၊ ဦးပြည့်ဖြိုး (LawkaAlin) နှင့် ဦးဗညား (Karenni Human Rights Group) တို့ တက်ရောက်ခဲ့ကြသည်။

Recent News