မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အစည်းအဝေး တက်ရောက်ခြင်း
(ချင်းမိုင်၊ ထိုင်းနိုင်ငံ)
မသန်စွမ်းသူများဆိုင်ရာ
အာဆီယံလုပ်ငန်းစီမံချက်ရေးဆွဲနိုင်ရေးအတွက် ဒုတိယအကြိမ်မြောက်အစည်းအဝေးကို ထိုင်းနိုင်ငံ၊
ချင်းမိုင်မြို့တွင် ဇွန်လ (၂၉) ရက်မှ ဇူလိုင်လ (၁) ရက်နေ့ထိ ထိုင်းနိုင်ငံ၊
အာဆီယံအစိုးရချင်းဆိုင်ရာလူ့အခွင့်အရေးကော်မရှင် (AICHR) မှ ဦးဆောင်၍
ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ဥက္ကဋ္ဌ ဦးဝင်းမြ (SEANF ဥက္ကဋ္ဌ) ၊ ဒုတိယဥက္ကဋ္ဌ
ဦးစစ်မြိုင် (မသန်စွမ်းသူများဆိုင်ရာ ဘာသာရပ် တာဝန်ရှိသူ) တို့တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် မသန်စွမ်းသူများ၏ ပညာရေးအခွင့်အလမ်းများ၊
ကျန်းမာရေးစောင့်ရှောက်မှုများ၊ အလုပ်အကိုင်ရရှိရေးတို့အား အတွေ့အကြုံ ဖလှယ်ဆွေးနွေးကြသည်။
၎င်းအစည်းအဝေးသို့ AICHR ကိုယ်စားလှယ်များ၊လူ့အခွင့်အရေးကော်မရှင်ကိုယ်စားလှယ်များ၊ မသန်စွမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဆက်စပ်သော ဌာနဆိုင်ရာ အရာရှိကြီးများ၊
ASEAN၊ WHO၊ UNICEF မှ ကိုယ်စားလှယ်များ စုစုပေါင်း ကိုယ်စားလှယ် (၁၃၀) ခန့် တက်ရောက်ကြသည်။
မြန်မာနိုင်ငံမှ လူမှုဝန်ထမ်းဦးစီးဌာန၊ အလုပ်သမားဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနမှ
အရာရှိများ၊ ရွှေမင်းသားဖောင်ဒေးရှင်းနှင့် မသန်စွမ်း မြန်မာရှေ့ဆောင်အဖွဲ့မှ
မသန်စွမ်း ခေါင်းဆောင်များ တက်ရောက်ဆွေးနွေးကြသည်။