မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ ဘဏ္ဍာရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပခြင်း

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင်ရုံး ဝန်ထမ်းများ ပြည်ထောင်စုဘဏ္ဍာငွေများ စီမံခန့်ခွဲသုံးစွဲရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန် တာဝန်ယူမှု၊ တာဝန် ခံမှုရှိစေရန်နှင့် ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်၊ ဘဏ္ဍာငွေအရင်းအမြစ်များ အလေအလွင့် မရှိစေဘဲ ထိရောက်အကျိုးရှိစွာသုံးစွဲနိုင်စေရန် ကော်မရှင်ရုံး၏ ဘဏ္ဍာရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားကို ၁–၉–၂၀၂၀ ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် ကော်မရှင် ရုံးခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်က အဖွင့်အမှာစကား ပြောကြားသည်။   အခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနတာဝန်ခံများ၊ သင်တန်းသား/ သင်တန်းသူ အရာထမ်း (၂၇) ဦး တက်ရောက်ကြပါ သည်။

    အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ၁–၉–၂၀၂၀ ရက်နေ့မှ ၃–၉–၂၀၂၀ ရက်နေ့ထိ နေ့စဉ် နံနက် (၀၉:၃၀) မှ (၁၂:၀၀) နာရီထိ ကျင်းပမည်ဖြစ်ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ညွှန်ကြားရေးမှူး (ငြိမ်း) ဒေါ်မြင့်မြင့်က ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဆိုင်ရာစီမံခန့်ခွဲမှု၊ ကြီးကြပ်မှုကိစ္စရပ်များ၊ ဘဏ္ဍာရန်ပုံငွေများသုံးစွဲခြင်း၊ စာရင်းထိန်းသိမ်းခြင်း၊ ဌာနတွင်း စာရင်းစစ်ဆေးခြင်းများနှင့် စပ်လျဉ်း၍ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေး သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

                                                                                                                                                မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News