မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်များ လူငယ်သင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေးခြင်း

  • News

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင် ဦးကျော်စိုး၊ ဦးတင်အောင်နှင့် ဦးကျော်မြင့်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့ ၁၂-၃-၂၀၂၀ ရက်နေ့တွင်လည်းကောင်း၊ အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးတင်အောင်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် သန်လျင်လူငယ်သင်တန်းကျောင်းသို့ ၁၃-၃-၂၀၂၀ ရက်နေ့တွင် လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၂။       ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ သင်တန်း ကျောင်းများအတွင်း သင်တန်းသားလူငယ်များအား ထိန်းသိမ်းစောင့်ရှောက်ပေးနေသည့် အခြေအနေများ၊ ကာကွယ်စောင့်ရှောက်ပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အဆိုပါ လူငယ်များနှင့် တွေ့ဆုံကာ ကလေးသူငယ်အခွင့်အရေးများ ချိုးဖောက်ခံရမှု ရှိ မရှိ၊ အခြေခံလူ့အခွင့်အရေးများ ရရှိမှု ရှိ မရှိ တို့နှင့်စပ်လျဉ်း၍ မေးမြန်းမှတ်တမ်းတင်ခဲ့ကြပါသည်။

၃။      ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ခရီးစဉ်အတွင်း တွေ့ရှိချက်ကို အခြေခံ၍ သုံးသပ်ချက်နှင့် အကြံပြုချက်များကို သက်ဆိုင်ရာသို့ ပေးပို့ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

                                                                                                                                                                                                                     မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်