မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဆင့်မြင့်ဆွေးနွေးပွဲ ကျင်းပပြုလုပ် (ရန်ကုန်၊ နိုဝင်ဘာလ ၂၂)
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည်
ကော်မရှင်ဥပဒေ ပုဒ်မ ၂၂ (က) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အများပြည်သူ၏
လူ့အခွင့်အရေးအသိပညာ မြင့်မားလာစေရေး ရည်ရွယ်လျက် လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး
ဆွေးနွေးဟောပြောပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်ခန်းစာပို့ချမှုများ၊
စာအုပ်စာတမ်းများနှင့် သတင်းအချက်အလက်များ ဖြန့်ချိခြင်းတို့ကို ဆောင် ရွက်လျက်ရှိရာ
အဆင့်မြင့်ဆွေးနွေးပွဲတစ်ရပ်ကို ၂၁-၁၁-၂၀၂၄ ရက်နေ့နှင့် ၂၂-၁၁-၂၀၂၄ ရက်နေ့များ တွင် မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ
ဆွေးနွေးပွဲဖွင့်ပွဲသို့ ကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင် အဖွဲ့ဝင်များ၊
ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဌာနတာဝန်ခံ ညွှန်ကြားရေးမှူးများ
တက်ရောက် ခဲ့ကြပါသည်။ ထို့နောက် ကော်မရှင်ဥက္ကဋ္ဌ
ဦးပေါ်လွင်စိန်က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က
ဆောင်ရွက်လျက်ရှိသည့် လူ့အခွင့်အရေး မြှင့်တင်ကာကွယ်ခြင်းနှင့် သက်ဆိုင်သော လူ့အခွင့်အရေးဆိုင်ရာ
ဘာသာရပ်များနှင့် ကော်မရှင်ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး ရာတွင်
ကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များနှင့်
ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်တို့ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ ၂၂-၁၁-၂၀၂၄ ရက်နေ့၊
၁၂း၃၀ နာရီအချိန်တွင် ဆွေးနွေးပွဲအောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်