မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ချောင်းဆုံမြို့၊ ရွာလွတ်ကျေးရွာ၊ ကြာအင်းဆိပ်ကြီးမြို့နှင့် သံပုရာကျေးရွာများတွင် ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးဆိုင်ရာ အသိပညာ ပေးဆွေးနွေးဟောပြောပွဲကျင်းပ

  • News

    မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် ပြည်သူလူထုအတွင်း လူ့အခွင့် အရေးဆိုင်ရာအသိပညာများ ပိုမိုပြန့်ပွားစေရန်နှင့် လူ့အခွင့်အရေးကိုမှန်ကန်စွာသိရှိပြီး လေးစားလိုက်နာကျင့်သုံးလာနိုင်စေရန် ရည်ရွယ်ချက်များဖြင့် လူ့အခွင့်အရေး အသိပညာပေး ဆွေးနွေးပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ချောင်းဆုံမြို့၊ ရွာလွတ်ကျေးရွာ၊ ကြာအင်းဆိပ်ကြီးမြို့နှင့် သံပုရာ ကျေးရွာများတွင် ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲများ ကျင်းပြုလုပ်ခဲ့ပါသည်။

    ရှေးဦးစွာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင်သောအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၁၃:၃၀ နာရီမှ ၁၆:၃၀ နာရီ အထိ မွန်ပြည်နယ်၊  ချောင်းဆုံမြို့၊ ကျွန်းသာယာခန်းမတွင် လူ့အခွင့်အရေး အကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် က လူ့အခွင့်အရေး အခြေခံအယူအဆများအကြောင်းနှင့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း အကြောင်းကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် ဆောင်ရွက်ချက်များ အကြောင်းကိုလည်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းဝင်များနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း အင်အား  ၈၉ ဦး တက်ရောက်ခဲ့သည်။ အဆိုပါဆွေးနွေးပွဲများတွင် တက်ရောက်လာသူများမှ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းခဲ့ကြရာ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဆွေးနွေး ဖြေကြားခဲ့ပါသည်။

    ဆက်လက်၍ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၀၉း၃၀ နာရီမှ ၁၂:၃၀ နာရီ အထိ မွန်ပြည်နယ်၊  ချောင်းဆုံမြို့နယ်၊ ရွာလွတ်ကျေးရွာ ခန်းမတွင် ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေးနှင့် အမျိုးသမီးအခွင့်အရေး ဆိုင်ရာ ဆွေးနွေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဦးစစ်မြိုင်က ကလေးသူငယ်အခွင့်အရေး အကြောင်းကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက လူ့အခွင့်အရေး အခြေခံအယူအဆများနှင့် အမျိုးသမီးအခွင့်အရေး အကြောင်းကို လည်းကောင်း၊ Educator ဦးကောင်းခန့်ဇင်က မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် ဆောင်ရွက်ချက်များ အကြောင်းကိုလည်း အသီးသီး ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲသို့ ရပ်မိရပ်ဖများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းဝင်များနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်းအင်အား ၁၀၂ ဦး တက်ရောက်ခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲများ တွင် တက်ရောက်လာသူများမှ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းခဲ့ကြရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဆွေးနွေး ဖြေကြားခဲ့ပါသည်။ ဆွေးနွေးပွဲအပြီးတွင် ရွာလွတ်ကျေးရွာမှ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့သို့ ဆက်လက်ထွက်ခွာခဲ့ပါ သည်။

    ထို့နောက် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၀၉း၃၀ နာရီမှ ၁၂:၃၀ နာရီ အထိ ကရင်ပြည်နယ်၊  ကြာအင်းဆိပ်ကြီးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ရပ်ရွာလူထု အတွင်း လူ့အခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေးနှင့် အမျိုးသမီးအခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက လူ့အခွင့်အရေး အခြေခံအယူအဆများနှင့် အမျိုးသမီး အခွင့်အရေးအကြောင်းကိုလည်းကောင်း၊ Educator ဦးကောင်းခန့်ဇင်က ကလေးသူငယ်အခွင့်အရေးအကြောင်း၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် ဆောင်ရွက်ချက်များအကြောင်းကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းဝင်များနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်းအင်အား ၁၅၈ ဦး တက်ရောက်ခဲ့သည်။

    ဆက်လက်၍ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၃း၃၀ နာရီမှ ၁၆:၃၀ နာရီအထိ ကရင်ပြည်နယ်၊  ကြာအင်းဆိပ်ကြီးမြို့၊ သံပုရာကျေးရွာ၊ သုံပုရာကျေးရွာ ဘုန်းတော်ကြီးကျောင်းခန်းမတွင် ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး၊ ကလေးသူငယ် အခွင့်အရေးနှင့် အမျိုးသမီးအခွင့် အရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက လူ့အခွင့်အရေး အခြေခံအယူအဆများနှင့် အမျိုးသမီးအခွင့်အရေး အကြောင်းကိုလည်းကောင်း၊ Educator ဦးကောင်းခန့်ဇင်က ကလေးသူငယ်အခွင့်အရေးအကြောင်းနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် ဆောင်ရွက်ချက်များအကြောင်းကိုလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းဝင်များ နှင့် စိတ်ပါဝင်စားသူများ စုစုပေါင်းအင်အား ၁၄၂ ဦး တက်ရောက်ခဲ့သည်။

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် ပြည်သူအများ လူ့အခွင့်အရေးကို မှန်ကန်စွာသိရှိစေရန်၊ မှန်ကန်စွာကျင့်သုံးတက်စေရန် ရည်ရွယ်၍ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ချောင်းဆုံမြို့၊ ရွာလွတ်ကျေးရွာ၊ ကြာအင်းဆိပ်ကြီးမြို့နှင့် သံပုရာကျေးရွာများတွင် ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲများ ပြုလုပ်ဆောင်ရွက်နိုင်ခဲ့ပြီး ယခုကဲ့သို့သော ဆွေးနွေးဟောပြောပွဲများကို ဆက်လက်ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ပါ သည်။

Recent News