မွန်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို ကော်မရှင်အဖွဲ့ဝင်များမှ တွေ့ဆုံခြင်း

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့်နှင့် ဦးကျော်​စိုးတို့ ဦးဆောင်သောအဖွဲ့သည် မော်လမြိုင်မြို့ရှိ အချုပ်ထောင်၊ ရဲစခန်း၊ တရားရုံး၊ ဆေးရုံ အချုပ်ခန်းများ ကြည့်ရှုစစ်ဆေးသည့် ခရီးစဉ်တွင် ၁၉-၈-၂၀၂၀ ရက်နေ့ ညနေပိုင်း၌ မွန်ပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများအား တွေ့ဆုံ၍ မွန်ပြည်နယ်မှ ကော်မရှင်သို့ ပေးပို့တိုင်ကြားလာသော တိုင်တန်းချက်ပါ အခြေအနေများ၊ ကော်မရှင်မှ အကျဉ်းထောင်၊ အကျဉ်းစခန်း၊ တရားရုံးအချုပ်ခန်းနှင့် ဆေးရုံအချုပ်ခန်းတို့အား ကြည့်ရှုစစ်ဆေးမှု အခြေအနေများ၊ လူ့အခွင့်အရေးနှင့် စပ်လျဥ်း၍ ကော်မရှင်၏ ဆောင်ရွက်နေမှုများကို တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥပဒေ၊ ကမ္ဘာ့လူအခွင့်အရေး ကြေညာစာတမ်း (UDHR)၊ ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICCPR) စာအုပ်များနှင့် ကော်မရှင် လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ပါသည်။

                                                                                                                                                 မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News