ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဥပဒေပညာဌာနတွင် လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်သင်ခန်းစာများသွားရောက်ပို့ချ (ရန်ကုန်၊ မေလ ၂၃ ရက်)
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး
ကော်မရှင်သည် ကော်မရှင်ဥပဒေပုဒ်မ ၂၂ (က) ပါ
လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတို့ကို
ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် လုပ်ငန်းများ
အစဉ်တစိုက်ဆောင်ရွက်လျက်ရှိပါသည်။ ကော်မရှင်သည် လုပ်ငန်းလမ်း ညွှန်အဖြစ် ရေးဆွဲထားသော ရှေ့လုပ်ငန်းစဉ်မူဘောင်ပါပန်းတိုင်၊
ရည်မှန်းချက်များနှင့်အညီ နှစ်အလိုက် လုပ်ငန်းစီမံချက်ကိုရေးဆွဲ၍
လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်
ဒေါက်တာမြင့်သူမြိုင်သည် ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဥပဒေပညာဌာနတွင်
ဖွင့်လှစ်လျက်ရှိသည့် နိုင်ငံတစ်ဝှမ်းရှိ ဥပဒေပညာဌာနများမှ ဆရာ/ ဆရာမများ
ဘာသာရပ်မွမ်းမံသင်တန်းသို့ ၂၃-၅-၂၀၂၅ ရက်နေ့၊ ၁၀း၃၀ နာရီအချိန်မှ ၁၃း၀၀
နာရီအချိန်ထိ လူ့အခွင့်အရေး ဥပဒေဆိုင်ရာ သိကောင်းစရာများအား Hybrid
System ဖြင့် သွားရောက်ပို့ချခဲ့ပါသည်။
အဆိုပါသင်တန်းတွင် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာမြင့်သူမြိုင်က အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ
သဘောတူစာချုပ်နှင့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥပဒေအကြောင်း
ဘာသာရပ် သင်ခန်းစာများ ပို့ချခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် နိုင်ငံတစ်ဝှမ်းရှိ
တက္ကသိုလ်များ၏ ဥပဒေပညာဌာနများမှ ဆရာ/ဆရာမ စုစုပေါင်း (၂၀၀) ဦး တက်ရောက်ခဲ့ကြပြီး သိရှိလိုသည့်
မေးခွန်းများကို မေးမြန်းကြရာ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာမြင့်သူမြိုင်က ပြန်လည်ဖြေကြားခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်


