ရပ်ရွာအခြေပြု လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ် ခြင်း

  • News

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သည် ပြည်သူလူထုအတွင်း လူ့အခွင့် အရေးဆိုင်ရာ ဗဟုသုတများ တိုးမြှင့်နိုင်စေရေး အတွက် ရပ်ရွာ အခြေပြု လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲ များကို ၂၀၁၅ ခုနှစ်အတွင်း ဆွီဒင်နိုင်ငံ အခြေစိုက် Raoul Wallenberg Institue ၏ ရန်ပုံငွေပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသ ကြီးတွင် ၄ မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင် ၂ မြို့နယ်နှင့် နေပြည်တော်ကောင်စီ နယ်မြေ အတွင်းတွင် ၂ မြို့နယ် စုစုပေါင်း မြို့နယ် ၈ မြို့နယ်တွင် ဆောင်ရွက် နိုင်ခဲ့ပြီးဖြစ်ပါသည်။

၂။      ဆက်လက်၍ ၉ ခုမြောက် ရပ်ရွာ အခြေပြု လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး အလုပ်ရုံ ဆွေးနွေးပွဲ အနေဖြင့် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြောင်းမြမြို့ရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းအသီးသီးမှ စိတ်ပါဝင်စားသူ ၅၀ ဦး တက်ရောက်ခဲ့ကြပါသည်။ အလားတူ ၁၀ ခုမြောက် ရပ်ရွာအခြေပြု လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး အလုပ်ရုံ ဆွေးနွေးပွဲ ကို ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ဟင်္သာတမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဟင်္သာတမြို့နယ် အတွင်းမှ အရပ်ဘက် လူမှုအဖွဲ့အစည်းအသီးသီးမှ စိတ်ပါဝင်စားသူ ၅၀ ဦး တက်ရောက် ခဲ့ကြပါသည်။

၃။      ယင်းဆွေးနွေးပွဲများတွင် လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်များကို ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဦးစစ်မြိုင်၊ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်၊ ကော်မရှင်ရုံး ဒုတိယညွှန်ကြား ရေးမှူး ဦးဇော်လွင်ထူးနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးအာကာဟိန်းစိုး တို့က အသီးသီးဆွေးနွေး ခဲ့ကြပြီး ဆွေးနွေးပွဲ တက်ရောက်သူများက စိတ်ပါဝင်စားစွာ ပြန်လည်ဆွေးနွေးခြင်း၊ မေးခွန်းများ မေးမြန်းခြင်း၊ အုပ်စုဖွဲ့၍ ဆွေးနွေးတင်ပြခြင်းများကို တက်ကြွစွာ ဆောင်ရွက်ခဲ့ ကြပါသည်။

Recent News