ရုရှားနိုင်ငံ၊ ခါဆွန်ဒေသခံ ပြည်သူများအပေါ် ယူကရိန်းစစ်တပ်၏ အကြမ်းဖက်မှုဆိုင်ရာ နိုင်ငံတကာတယ်လီကွန်ဖရင့်သို့ ပါဝင်တက်ရောက်ခြင်း

  • News

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၈၃၀ နာရီတွင် zoom မှတစ်ဆင့် ပြုလုပ်ခဲ့သော “ယူကရိန်းနိုင်ငံ၏ ရာဇဝတ်မှုများ - ခါဆွန်ဒေသခံပြည်သူများအပေါ် အကြမ်းဖက် မှု (Crimes of the Kiev Regime: Terror against the Civilians of the Kherson Region)” ဆိုင်ရာ နိုင်ငံတကာ တယ်လီကွန်ဖရင့်သို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ တာဝန်ပေးချက်အရ ကော်မရှင်ရုံး နိုင်ငံတကာဆက်ဆံရေးဌာန၊ ညွှန်ကြားရေးမှူး ဦးဇေယျာလင်း ပါဝင်တက်ရောက်ခဲ့ပါသည်။

          တယ်လီကွန်ဖရင့်သို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ သံရုံးများနှင့် ကိုယ်စားလှယ်အဖွဲ့ရုံး များမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများ၊အရပ်ဘက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၂၂၁ ဦးခန့်  ပါဝင် တက်ရောက်ကြပါသည်။

          တယ်လီကွန်ဖရင့်တွင် Mr. Rodion Miroshnik, Ambassador-at-Large of the Ministry of Foreign Affairs of Russia on the Crimes Committed by the Kiev Regime;  Mr. Vladimir Saldo, Governor of the Kherson region; Ms. Yana Lantratova, Commissioner for Human Rights in the Russian Federation; Mr. Mikhail Zvinchuk, Head of the Russian Military-Analytical Center “Rybar” နှင့် Mr. Andrea Lucidi, War Correspondent, Journalist for the media Visione TV (Italy) တို့က အဓိက ဆွေးနွေးပြောကြားသူများအဖြစ် ဆောင်ရွက်ခဲ့ကြပြီး ပဋိပက္ခအတွင်း ယူကရိန်းစစ်တပ်၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံ အရပ်သား ပြည်သူများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆွေးနွေး ပြောကြားခဲ့ကြကာ တယ်လီ ကွန်ဖရင့်ကို မြန်မာစံတော်ချိန် ၂၁၁၅ နာရီအချိန်ခန့်တွင် ရုပ်သိမ်း ခဲ့ပါသည်။

       မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News