ရဲအရာရှိအတတ်သင်ကျောင်း(မန္တလေး) တွင် လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများ သွားရောက်ပို့ချ

  • News

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်နှင့်  ညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ်တို့ည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲအရာရှိအတတ်သင်ကျောင်း (မန္တလေး) တွင် ဖွင့်လှစ်လျက်ရှိသော အမှုစစ်(အရာရှိ)သင်တန်းအမှတ်စဉ် (၇၅/၂၀၂၂) ၌ ၆-၁၀-၂၀၂၂ ရက်နေ့ ၁၂:၀ နာရီမှ ၁:၀၀ နာရီ အချိန်ထိ လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများ သွားရောက်ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်က လူ့အခွင့်အရေးအခြေခံ အယူအဆများနှင့်ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအကြောင်းကိုလည်းကောင်း၊ ညွှန်ကြားရေး မှူးချုပ် ဦးဘုန်းကြွယ်က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအကြောင်း သိကောင်းစရာ စသည့် သင်ခန်းစာဘာသာရပ်များကိုလည်းကောင်း အသီးသီးပို့ချခဲ့ပါသည်။ သင်တန်းတွင် စုစုပေါင်းသင်တန်းသားဦးရေ (၂၈၀) ဦး တက်ရောက်ခဲ့ကြပြီး တက်‌ရောက်လာသော သင်တန်းသားများမှ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းကြရာ  ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်နှင့်  ညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ်တို့က ပြန်လည်ဖြေကြားခဲ့ပါသည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

 

 

Recent News