ရဲအရာရှိအတတ်သင်ကျောင်း (မန္တလေး) တွင် ဖွင့်လှစ်လျက်ရှိသော မြို့နယ်ရဲတပ်ဖွဲ့မှူးသင်တန်း အမှတ်စဉ် (၆၁/၂၀၂၀) တွင် သင်ခန်းစာသွားရောက်ပို့ချခြင်း
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊
ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်နှင့် ညွှန်ကြားရေးမှူးချုပ်
ဦးဘုန်းကြွယ်တို့သည် ၈-၇-၂၀၂၀ ရက်နေ့ မွန်းလွဲ ၁၂း၃၀ မှ ၁၅း၄၀ နာရီအထိ
ရဲအရာရှိအတတ်သင်ကျောင်း (မန္တလေး) ၌ ဖွင့်လှစ်လျက်ရှိသော မြို့နယ်ရဲတပ်ဖွဲ့မှူးသင်တန်း အမှတ်စဉ် (၆၁/၂၀၂၀) တွင် သင်ခန်းစာသွားရောက်ပို့ချခဲ့ပါသည်။
အဆိုပါသင်တန်းတွင် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်က လူ့အခွင့်အရေး
အခြေခံအယူအဆများနှင့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း အကြောင်းကိုလည်းကောင်း၊
ညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ် က ပြည်ထောင်စုမြန်မာနိုင်ငံတော် ရဲလက်စွဲ
(ဒုတိယတွဲ) အား လူ့အခွင့်အရေး ကြေညာစာတမ်းနှင့် နှိုင်းယှဉ်သုံးသပ်ချက်၊
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့်
ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းအကြောင်းကိုလည်းကောင်း စသည့် သင်ခန်းစာများ
ပို့ချခဲ့ကြပါသည်။ သင်တန်းတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး စုစုပေါင်း (၄၉) ဦး တက်ရောက်ခဲ့ကြပါသည်။


