ရဲအရာရှိအတတ်သင်ကျောင်း (မန္တလေး) တွင် ဖွင့်လှစ်လျက်ရှိသော မှုခင်းမှတ်တမ်း (အရာရှိ) သင်တန်းအမှတ်စဉ် (၁၆/၂၀၂၀) တွင် သင်ခန်းစာသွားရောက်ပို့ချခြင်း

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ပညာပေးရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးနှင့် လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်ရေး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာတို့သည် ၁၇-၈-၂၀၂၀ ရက်‌နေ့ နံနက် ၁၀း၃၀ မှ ၁၄း၄၀ နာရီအထိ ရဲအရာရှိအတတ်သင်ကျောင်း (မန္တ‌လေး) ၌ ဖွင့်လှစ်လျက်ရှိသော မှုခင်းမှတ်တမ်း (အရာရှိ) သင်တန်းအမှတ်စဉ် (၁၆/၂၀၂၀)တွင် သင်ခန်းစာ သွားရောက် ပို့ချခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက လူ့အခွင့်အရေးအခြေခံအယူအဆများနှင့်ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း အကြောင်းကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းခြင်း၊ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းနှင့် လူ့အခွင့်အရေး နှင့် ရဲလုပ်ငန်း အကြောင်းကိုလည်းကောင်း စသည့် သင်ခန်းစာများပို့ချခဲ့ကြပါသည်။ သင်တန်းသား စုစုပေါင်း (၉၈) ဦး တက်ရောက်ခဲ့ကြပါသည်။