ရဲအရာရှိအတတ်သင်ကျောင်း (မန္တလေး) ၌ သင်ခန်းစာ သွားရောက်ပို့ချ (ရန်ကုန်၊ စက်တင်ဘာလ ၁၁ ရက်)
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည်ကော်မရှင်ဥပဒေပုဒ်မ
၂၂ (က) ပါ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတို့ကို
ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရန် လုပ်ငန်းများ
အစဉ်တစိုက်ဆောင်ရွက်လျက်ရှိပါသည်။ ကော်မရှင်သည် လုပ်ငန်းလမ်းညွှန်အဖြစ် ရေးဆွဲထားသော
ရှေ့လုပ်ငန်းစဉ် မူဘောင်ပါ ပန်းတိုင်၊ ရည်မှန်းချက်များနှင့်အညီ နှစ်အလိုက်
လုပ်ငန်း စီမံချက်ကို ရေးဆွဲ၍ လုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိပါသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိအတတ်သင်ကျောင်း (မန္တလေး) ၌ ဖွင့်လှစ်လျက်ရှိသော မှုခင်းမှတ်တမ်း (အရာရှိ) သင်တန်းအမှတ်စဉ် (၂၀ /၂၀၂၅) နှင့် အမှုစစ် (အရာရှိ) သင်တန်းအမှတ်စဉ် (၈၄ /၂၀၂၅)
တို့သို့ ၁၁-၉-၂၀၂၅ ရက်နေ့၊ ၀၇း၃၀ နာရီအချိန်မှ ၀၉း၅၀ နာရီအချိန်နှင့်
၁၂း၃၀ နာရီအချိန် မှ ၁၄း၅၀ နာရီအချိန် တို့တွင် လူ့အခွင့်အရေးဆိုင်ရာ
သင်ခန်းစာများ သွားရောက်ပို့ချခဲ့ပါသည်။ အဆိုပါ သင်တန်းများတွင် လူ့အခွင့်အရေးအခြေခံအယူအဆများ၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအကြောင်းနှင့်
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး
ကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များစသည့် သင်ခန်းစာ များပို့ချခဲ့ပါသည်။ သင်တန်းတွင် သင်တန်းသား ၂၃၃ ဦး၊ သင်တန်းသူ
၅၁ ဦး၊ စုစုပေါင်း သင်တန်းသား ၂၈၄ တက်ရောက်ခဲ့ကြပြီး
သင်တန်းသားများမှ သိရှိလိုသည့်မေးခွန်းများကို မေးမြန်းကြရာ
ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက ပြန်လည်ဖြေကြားခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

