ရဲအရာရှိအတတ်သင်ကျောင်း (မန္တလေး) ၌ သင်ခန်းစာ သွားရောက်ပို့ချ (ရန်ကုန်၊ မတ်လ ၆ ရက်)
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည်
ကော်မရှင်ဥပဒေပုဒ်မ ၂၂ (က) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အများပြည်သူ၏
လူ့အခွင့်အရေးအသိပညာ မြင့်မားလာစေရေးအတွက် သတင်းအချက်အလက်များ ဖြန့်ချိခြင်း၊ ပညာပေးခြင်းလုပ်ငန်းများကို
ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၊
ညွှန်ကြားရေးမှူး ဦးသူရကျော်သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိအတတ်သင်ကျောင်း (မန္တလေး) ၌ ဖွင့်လှစ်လျက်ရှိသော ခရိုင်ရဲတပ်ဖွဲ့မှူး သင်တန်းအမှတ်စဉ် (၉/၂၀၂၄)
နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး သင်တန်းအမှတ်စဉ် (၆၅/ ၂၀၂၄) တို့အား ၆-၃-၂၀၂၅
ရက်နေ့တွင် ၀၇း၃၀နာရီမှ ၀၉း၅၀ နာရီအချိန်အထိ လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများသွားရောက်ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းများတွင် လူ့အခွင့်အရေးအခြေခံ
အယူအဆများ၊ ကမ္ဘာ့လူ့အခွင့်အရေး
ကြေညာစာတမ်းအကြောင်းနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များစသည့်
သင်ခန်းစာများကို ပို့ချခဲ့ပါသည်။ ခရိုင်ရဲတပ်ဖွဲ့မှူး သင်တန်းအမှတ်စဉ် (၉/၂၀၂၄) ၌
သင်တန်းသားဦးရေ (၄၈) ဦးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး သင်တန်းအမှတ်စဉ် (၆၅/၂၀၂၄) ၌
သင်တန်းသားဦးရေ (၄၅) ဦး စုစုပေါင်းသင်တန်းသားဦးရေ
(၉၃) ဦး တက်ရောက်ခဲ့ကြပြီး သိရှိလိုသည့် မေးခွန်းများကို မေးမြန်းကြရာ
ညွှန်ကြားရေးမှူး ဦးသူရကျော်က ပြန်လည်ဖြေကြားခဲ့ပါသည်။

