ရဲအရာရှိအတတ်သင်ကျောင်း (မန္တလေး) ၌ သင်ခန်းစာ သွားရောက်ပို့ချ (၉-၄-၂၀၂၆)
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိအတတ်သင်ကျောင်း (မန္တလေး) တွင် ဖွင့်လှစ်လျက်ရှိသော စခန်းမှူး သင်တန်းအမှတ်စဉ် (၇၁) သို့ ၉-၄-၂၀၂၆ ရက်နေ့တွင် ၀၇း၃၀နာရီမှ ၀၉း၅၀ နာရီအချိန်အထိ လူ့အခွင့်အရေးအသိပညာပေး ဘာသာရပ်သင်ခန်းစာများ သွားရောက်ပို့ချခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လူ့အခွင့်အရေးကို ထိန်းသိမ်း စောင့်ရှောက်သည့် ရဲတပ်ဖွဲ့ဝင်များ ဖြစ်လာစေရန်ရည်ရွယ်၍ လူ့အခွင့်အရေးအခြေခံ အယူအဆများ၊ ကမ္ဘာ့ လူ့အခွင့်အရေးကြေညာစာတမ်းအကြောင်း၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်း ခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များစသည့် ဘာသာရပ်သင်ခန်းစာများ ပို့ချခဲ့ပါသည်။ သင်တန်း တွင် စုစုပေါင်း သင်တန်းသား ၁၀၀ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းသားများမှ သိရှိလိုသည့် မေးခွန်းများကိုမေးမြန်းကြရာ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်က ပြန်လည်ဖြေကြားခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်