လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ဖွင့်လှစ်လျက်ရှိသော သင်တန်းတွင် သင်ခန်းစာသွားရောက်ပို့ချ

  • News

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူး ည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး ကော်မတီက ဖွင့်လှစ်သည့် “လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ်ကြီးလေး သောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ၏ ရုံးအဖွဲ့စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း” သို့ ၄-၁၁-၂၀၂၂ ရက်နေ့၁၁:၀ နာရီအချိန်မှ ၁၂:၁၅ နာရီ အချိန်ထိ လူ့အခွင့်အရေး ဆိုင်ရာ သင်ခန်းစာများ သွားရောက်ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းတွင် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးနိုင်ရေး ကိစ္စရပ်များကို လူ့အခွင့်အရေးရှုထောင့်မှ သုံးသပ်ဆွေးနွေး ပို့ချခဲ့ပါသည်။ သင်တန်းတွင် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများမှ စုစုပေါင်း သင်တန်းသား အရာရှိကြီး (၁၀) ဦး တက်ရောက်ခဲ့ကြပြီး တက်‌ရောက်လာသော သင်တန်းသားများမှ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းကြရာ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက ပြန်လည်ဖြေကြားခဲ့ပါသည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

 

 


 

Recent News