လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ ဖွင့်လှစ်လျက်ရှိသော သင်တန်းတွင် သင်ခန်းစာသွားရောက်ပို့ချ (၁၁-၃-၂၀၂၄)

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင် ဥပဒေပုဒ်မ ၂၂ (က) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အများပြည်သူ၏ လူ့အခွင့်အရေး အသိပညာ မြင့်မားလာစေရေးအတွက် သတင်းအချက်အလက်များဖြန့်ချိခြင်း၊ ပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ (နေပြည်တော်) ၌ ဖွင့်လှစ်လျက် ရှိသော “လူ့အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်းများ အသိပညာ မြင့်မားရေးသင်တန်း” သို့ ၁၁-၃-၂၀၂၄ ရက်နေ့၊ ၁၀း၀၀ နာရီအချိန်မှ ၁၆း၄၅ နာရီအချိန်ထိ လူ့အခွင့်အရေးဘာသာရပ် သင်ခန်းစာများအား သွားရောက်ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်း၌ လူ့အခွင့်အရေးဆိုင်ရာ အခြေခံစည်းမျဥ်းများနှင့် လူ့အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်းများအကြောင်း စသည့် ဘာသာရပ် သင်ခန်းစာများ ပို့ချခဲ့ပါသည်။ သင်တန်းတွင် စုစုပေါင်း သင်တန်းသားဦးရေ ၃၃ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းသားများမှ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းခဲ့ကြရာ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက ပြန်လည်ဖြေကြားခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News