လူ့အခွင့်အရေးအဆင့်မြင့်သင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲကျင်းပခြင်း

  • News

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် လူ့အခွင့်အရေး အသိပညာများ ပြည်သူလူထုအတွင်း ပြန့်ပွားစေရန်ရည်ရွယ်ပြီး လူ့အခွင့်အရေး အဆင့်မြင့်သင်တန်း အမှတ်စဉ် (၁) ကို ၂၀၁၉ ခုနှစ် မေလ ၂၇ ရက်နေ့မှ ဇွန်လ ၂၁ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်း၏ သင်တန်းဆင်းပွဲကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး တည်ရှိရာ အမှတ်(၂၇)၊ ၆ မိုင်ခွဲ၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို၌ ဇွန်လ ၂၁ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။

၂။       သင်တန်းဆင်းပွဲ အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ က သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။ ယင်းနောက် ကော်မရှင် ဒုတိယဥက္ကဋ္ဌက သင်တန်းနှင့် စပ်လျဉ်း၍ သုံးသပ်ပြောကြားခဲ့ပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပါသည်။ ဆက်လက်၍ သင်တန်းပြီးဆန်းစစ်တွင် ဆုရရှိသူများကို ကော်မရှင်ဥက္ကဋ္ဌက ချီးမြှင့်ပြီး သင်တန်း ဆင်းလက်မှတ်များကို ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တစ်ဦးချင်း ပေးအပ်ခဲ့ပါသည်။

၃။      အဆိုပါသင်တန်းတွင် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာနှင့် ပြည်တွင်းဥပဒေများ၊ လူ့အခွင့်အရေးဆိုင်ရာ အဓိက စာချုပ်ကြီးများ၊ Business and Human RightsHuman Rights and SDGs စသည့် ဘာသာရပ်များကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် မှ ကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ကော်မရှင် အဖွဲ့ဝင်များ၊ ပြင်ပမှ ပညာရှင်များက ပို့ချခဲ့ပြီး သင်တန်းသူ/ သင်တန်းသား (၅၆) ဦး တက်ရောက်ခဲ့ကြပါသည်။ သင်တန်းကာလအတွင်း လေ့လာရေးခရီးစဉ် သွားရောက်၍ ကလေးသူငယ်အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး ကိစ္စရပ်များကိုပါ လက်တွေ့ကွင်းဆင်းလေ့လာ ဆောင်ရွက်ခဲ့ကြပါသည်။

Recent News