လွှတ်တော်နှစ်ရပ် မှ လူ့အခွင့်အရေးဆိုင်ရာ ကော်မတီများနှင့် တွေ့ဆုံခြင်း
မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ဥက္ကဋ္ဌ ဦးဝင်းမြ၊ ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်၊
အဖွဲ့ဝင် ဦးယုလွင်အောင်နှင့် အတွင်းရေးမှူး ဦးဘုန်းကြွယ်တို့ ပါဝင်သော အဖွဲ့သည်
၁၅-၁၁-၂၀၁၇ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏
မူလအခွင့်အရေး၊ ဒီမိုကရေစီအရေး နှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ
ဒေါက်တာဌေးကြွယ်၊ အတွင်းရေးမှူး ဦးမျိုးထပ် (ခ) ဆလိုင်းမျိုးထိုက် နှင့် အဖွဲ့ဝင်
၁၃ ဦးတို့အား လွှတ်တော်ရေးရာဆောင် I 17 ၌ လည်းကောင်း၊ နေ့လည် ၂
နာရီ အချိန်တွင် ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီ
ဥက္ကဋ္ဌ ဦးစော ၊ အတွင်းရေးမှူး ဦးဝင်းမြင့်အောင်နှင့် အဖွဲ့ဝင် ၁၁ ဦးတို့အား
လွှတ်တော်ရေးရာဆောင် I 5 ၌ လည်းကောင်း သွားရောက်တွေ့ဆုံ၍
လူ့အခွင့်အရေးဆိုင်ရာ ဆောင်ရွက်မှု အခြေအနေများကို အပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။