သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ ( မရမ်းကုန်း) တွင် သင်ခန်းစာသွားရောက်ပို့ချ (၁-၃-၂၀၂၄)

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင် ဥပဒေပုဒ်မ ၂၂ (က) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အများပြည်သူ၏ လူ့အခွင့်အရေး အသိပညာ မြင့်မားလာစေရေးအတွက် သတင်းအချက်အလက်များဖြန့်ချိခြင်း၊ ပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးမှ ဦးစီးအရာရှိ ဦးကောင်းခန့်ဇင်သည် မရမ်းကုန်းမြို့နယ်ရှိ သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာတွင် ဖွင့်လှစ်လျက်ရှိသော “သက်ကြီးရွယ်အိုများအတွက် ပြုစုစောင့်ရှောက်သူ (Caregiver)  သင်တန်းအမှတ်စဥ် (၁၅)” သို့ ၁-၃-၂၀၂၄ ရက်နေ့၊ နံနက် ၉း၀၀ နာရီအချိန်မှ နေ့လယ် ၁၂း၀၀ နာရီအချိန်ထိ လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများ သွားရောက်ပို့ချခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် လူ့အခွင့်အရေးအခြေခံအယူအဆ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအကြောင်းနှင့် သက်ကြီးရွယ်အိုအခွင့်အရေးများစသည့် သင်ခန်းစာများ ပို့ချခဲ့ပါသည်။ သင်တန်းတွင် စုစုပေါင်း သင်တန်းသားဦးရေ (၁၄) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းသားများမှ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းခဲ့ကြရာ ဦးစီးအရာရှိ ဦးကောင်းခန့်ဇင်မှ ပြန်လည်ဖြေကြားခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး‌ကော်မရှင်

 

Recent News