သက်ကြီးရွယ်အိုများအတွက်ပြုစုစောင့်ရှောက်သူ သင်တန်းတွင် သင်ခန်းစာသွားရောက်ပို့ချ ရန်ကုန်၊ မတ်လ ၃ ရက်..
မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင် ဥပဒေပုဒ်မ ၂၂ (က) ပါ
ပြဋ္ဌာန်းချက်များနှင့်အညီ အများပြည်သူ၏ လူ့အခွင့်အရေး အသိပညာ
မြင့်မားလာစေရေးအတွက် သတင်းအချက်အလက်များဖြန့်ချိခြင်း၊
ပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံ အမျိုးသား
လူ့အခွင့်အရေး ကော်မရှင်ရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကောင်းခန့်ဇင်သည်
သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာတွင် ဖွင့်လှစ်လျက်ရှိသည့်
“သက်ကြီးရွယ်အိုများအတွက် ပြုစုစောင့်ရှောက်သူ (Care Givers) သင်တန်းအမှတ်စဉ် (၁၇)” သို့
၃-၃-၂၀၂၅ ရက်နေ့၊ ၀၉:၀၀ နာရီမှ ၁၆:၀၀ နာရီအချိန်ထိ လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများ
သွားရောက်ပို့ချခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် လူ့အခွင့်အရေး အခြေခံအယူအဆများအကြောင်း၊
ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအကြောင်း၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်
ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းနှင့် သက်ကြီးပုဂ္ဂိုလ်များဆိုင်ရာ
အခွင့်အရေးတို့ကို ဆွေးနွေးပို့ချခဲ့ပါသည်။ သင်တန်းတွင် သင်တန်းသား (၂) ဦး
သင်တန်းသူ (၁၀) ဦး စုစုပေါင်း (၁၂) ဦး တက်ရောက်ခဲ့ကြပြီး သိရှိလိုသည့် မေးခွန်းများကို မေးမြန်းခဲ့ကြရာ လက်ထောက်ညွှန်ကြားရေးမှူး ဦးကောင်းခန့်ဇင်က
ပြန်လည်ဖြေကြားခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

