အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးမှုအတတ်ပညာသင်ကျောင်း (တောင်ငူ)၌ သင်ခန်းစာ သွားရောက်ပို့ချ
မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည်ကော်မရှင်ဥပဒေပုဒ်မ ၂၂ (က) ပါ လူ့အခွင့်အရေး
မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတို့ကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရန် လုပ်ငန်းများ အစဉ်တစိုက်ဆောင်ရွက်လျက်ရှိပါသည်။
ကော်မရှင်သည် လုပ်ငန်းလမ်းညွှန်အဖြစ် ရေးဆွဲထားသော ရှေ့လုပ်ငန်းစဉ် မူဘောင်ပါ ပန်းတိုင်၊
ရည်မှန်းချက်များနှင့်အညီ နှစ်အလိုက် လုပ်ငန်းစီမံချက်ကို
ရေးဆွဲ၍ လုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိပါသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကောင်းခန့်ဇင်သည်
အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးမှုအတတ်ပညာသင်ကျောင်း
(တောင်ငူ) တွင်
ဖွင့်လှစ်လျက်ရှိသော လက်ထောက်စုံစမ်းရေးမှူး လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ် (၁၀) သို့ ၁၂-၃-၂၀၂၆ ရက်နေ့တွင် ၀၇:၃၀ နာရီအချိန်မှ ၁၁:၃၀
နာရီအချိန်အထိ လူ့အခွင့် အရေးစံတန်ဖိုးများ ဘာသာရပ်သင်ခန်းစာအား
သွားရောက်ပို့ချခဲ့ပါသည်။ သင်တန်းတွင် သင်တန်းသား ၃၆ ဦး၊ သင်တန်းသူ ၇ ဦး စုစုပေါင်း
သင်တန်းသား ၄၃ ဦး တက်ရောက်ခဲ့ကြပြီး
သင်တန်းသားများမှ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းကြရာ
လက်ထောက်ညွှန်ကြားရေးမှူး ဦးကောင်းခန့်ဇင်က ပြန်လည်ဖြေကြားခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်