အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးမှု အတတ်ပညာသင်ကျောင်း (တောင်ငူ) ၌ သင်ခန်းစာ သွားရောက်ပို့ချ (ရန်ကုန်၊ ဇန်နဝါရီလ ၂၀ ရက်)
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင်ဥပဒေပုဒ်မ ၂၂ (က) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အများပြည်သူ၏ လူ့အခွင့်အရေးအသိပညာ မြင့်မားလာစေရေးအတွက် သတင်းအချက်အလက်များဖြန့်ချိခြင်း၊ ပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကောင်းခန့်ဇင်သည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးမှု အတတ်ပညာသင်ကျောင်း (တောင်ငူ) ၌ ဖွင့်လှစ်လျက်ရှိသော စုံစမ်းရေးမှူး လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း အမှတ်စဉ် (၇) သို့ ၂၀-၁-၂၀၂၅ ရက်နေ့တွင် ၁၃း၀၀ နာရီမှ ၁၅း၅၀ နာရီအချိန်ထိ လူ့အခွင့်အရေးစံတန်ဖိုးများ ဘာသာရပ်သင်ခန်းစာ ပို့ချခဲ့ပါသည်။ သင်တန်းတွင် သင်တန်းသား (၁၅) ဦး၊ သင်တန်း သူ (၅) ဦး စုစုပေါင်း (၂၀) ဦး တက်ရောက်ခဲ့ကြပြီး သိရှိလိုသည့် မေးခွန်းများကို မေးမြန်းကြရာ လက်ထောက်ညွှန်ကြားရေးမှူး ဦးကောင်းခန့်ဇင်က ပြန်လည်ဖြေကြားခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်