အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးမှု အတတ်ပညာသင်ကျောင်း (တောင်ငူ) ၌ သင်ခန်းစာ သွားရောက်ပို့ချ (၂၂-၁၂-၂၀၂၃)

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင်ဥပဒေပုဒ်မ ၂၂ (က) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အများပြည်သူ၏ လူ့အခွင့်အရေး အသိပညာမြင့်မားလာစေရေး အတွက်သတင်းအချက်အလက်များဖြန့်ချိခြင်း၊ ပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်သည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးမှု အတတ်ပညာသင်ကျောင်း (တောင်ငူ) ၌ ဖွင့်လှစ် လျက်ရှိသော အမှုစစ်သင်တန်းအမှတ်စဉ် (၄) ၌ ၂၂-၁၂-၂၀၂၃ ရက်နေ့တွင် ၁၃း၀၀ နာရီမှ ၁၅း၅၀ နာရီထိ လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာဘာသာရပ်ကို ပို့ချခဲ့ပါသည်။ သင်တန်းတွင် စုစုပေါင်း သင်တန်းသားဦးရေ (၂၁) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းသားများမှ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းကြရာ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်က  ပြန်လည်ဖြေကြားခဲ့ပါသည်။

                                                                             မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News