အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်‌ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်း (မင်္ဂလာဒုံ) ၌ သင်ခန်းစာ သွားရောက်ပို့ချ (ရန်ကုန်၊ ဖေဖော်ဝါရီလ ၃ ရက်)

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင်ဥပဒေပုဒ်မ ၂၂ (က) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အများပြည်သူ၏ လူ့အခွင့်အရေးအသိပညာ မြင့်မားလာစေရေးအတွက် သတင်း အချက်အလက်များဖြန့်ချိခြင်း၊ ပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကောင်းခန့်ဇင်သည်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်‌ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်း (မင်္ဂလာဒုံ) တွင် ဖွင့်လှစ်လျက်ရှိသော စီမံခန့်ခွဲရေးဝန်ထမ်းအဆင့် (၄)/ လက်ထောက်ညွှန်ကြားရေးမှူး လုပ်ငန်း အကြိုသင်တန်းအမှတ်စဉ် (/ ၂၀၂၅) သို့  ၃-၂-၂၀၂၅ ရက်နေ့ ၁၀း၀၀ နာရီမှ ၁၁း၅၀ နာရီအချိန် အထိ လူ့အခွင့်အရေးဆိုင်ရာသင်ခန်းစာများ သွားရောက်ပို့ချခဲ့ပါသည်။ သင်တန်းတွင် လူ့အခွင့်အရေး အခြေခံအယူအဆ၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအကြောင်း၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ အကြောင်းစသည့် ဘာသာရပ်သင်ခန်း စာများ ပို့ချခဲ့ပါသည်။ သင်တန်းတွင် သင်တန်းသား (၅၅) ဦး၊ သင်တန်းသူ (၈၄) ဦး စုစုပေါင်း (၁၃၉) ဦး တက်ရောက်ခဲ့ကြပြီး သိရှိလိုသည့်မေးခွန်းများကို မေးမြန်းကြရာ လက်ထောက်ညွှန်ကြားရေးမှူး ဦးကောင်းခန့်ဇင်က ပြန်လည်ဖြေကြားခဲ့ပါသည်။                                                                                          

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်