အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်‌ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်း (မင်္ဂလာဒုံ) ၌ သင်ခန်းစာ သွားရောက်ပို့ချ (ရန်ကုန်၊ ဩဂုတ်လ ၁၉ ရက်)

  • News

     မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင်ဥပဒေပုဒ်မ ၂၂ (က) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အများပြည်သူ၏ လူ့အခွင့်အရေးအသိပညာ မြင့်မားလာစေရေးအတွက် သတင်းအချက်အလက်များဖြန့်ချိခြင်း၊ ပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်သည်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်‌ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်း (မင်္ဂလာဒုံ) တွင် ဖွင့်လှစ် လျက်ရှိသော စီမံခန့်ခွဲရေးဝန်ထမ်းအဆင့် ()/ ဦးစီးအရာရှိများအား  စီမံခန့်ခွဲရေးဝန်ထမ်း အဆင့် (၄)/ လက်ထောက်ညွှန်ကြားရေးမှူး လုပ်ငန်းအကြို သင်တန်းအမှတ်စဉ် (/ ၂၀၂၄) ၁၉-၈-၂၀၂၄ ရက်နေ့ ၉း၀၀ နာရီမှ ၁၁း၀၀ နာရီအချိန်အထိ လူ့အခွင့်အရေးဆိုင်ရာသင်ခန်းစာများ သွားရောက် ပို့ချခဲ့ပါသည်။ သင်တန်းတွင် လူ့အခွင့်အရေး အခြေခံအယူအဆများ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း အကြောင်းနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ စသည့်သင်ခန်းစာများကို ပို့ချခဲ့ပါသည်။ သင်တန်းတွင် စုစုပေါင်း သင်တန်းသားဦးရေ (၁၂၀) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းသားများမှ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းကြရာ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်က ပြန်လည်ဖြေကြားခဲ့ပါသည်။                                                                                        

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News