အပြည်ပြည်ဆိုင်ရာကလေးသူငယ်များနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပခြင်း

  • News

         မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် NGO Child Rights Working Group တို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များနေ့အထိမ်းအမှတ် အခမ်းအနားနေ့ ကိုရန်ကုန်မြို့ ရှိအပြည်ပြည်ဆိုင်ရာစီးပွားရေးဗဟိုဌာနတွင် ကျင်းပခဲ့ပါသည်။

        အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌဌ ဦးစစ်မြိုင်နှင့် ကော်မရှင် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအရာရှိကြီးများနှင့် NGO Child Rights Working Group တို့မှ တာဝန်ရှိသူများ၊ ကဗျာ၊ ပန်းချီနှင့် ဇာတ်လမ်းတိုပြိုင်ပွဲဆုရရှိသူများ တက်ရောက်ကြပါသည်။

        အခမ်းအနားတွင် လူမှုရေးဝန်ကြီးနှင့် ကော်မရှင်ဒုတိယဥက္ကဋ္ဌတို့က ကလေးသူငယ်အခွင့်အရေးနှင့် စပ်လျဉ်းပြီး အမှာစကားပြောကြားပြီး ကလေးသူငယ်များက သရုပ်ဖော် ပြဇာတ်ဖြင့် တင်ဆက်ကပြကြပါသည်။ ယင်းနောက် အပြည်ပြည်ဆိုင်ရာကလေးသူငယ်များနေ့ အထိမ်းအမှတ် “မေတ္တာဖြင့်သာပျိုးထောင်ပါ” ခေါင်းစဉ်ဖြင့် ကဗျာ၊ ပန်းချီပြိုင်ပွဲဆုရ ကလေးသူငယ်များနှင့် ဇာတ်လမ်းတို ပြိုင်ပွဲဆုရရှိသူများအားဆုများ အသီးသီးပေးအပ်ခဲ့ကြပါသည်။

        ကလေးသူငယ်အခွင့်အရေးဆိုင်ရာသဘောတူစာချုပ်ကိုစတင်အတည်ပြုခဲ့သည့် နိုဝင်ဘာလ (၂၀) ရက်နေ့ကိုအပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များနေ့အဖြစ် ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေ ဖြင့်လည်းအဆိုပါ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်ကို ၁၉၉၁ ခုနှစ်မှ စတင်အတည်ပြုချုပ်ဆိုခဲ့ပြီးဖြစ်ပါသည်။

Recent News