အမေရိကန်ပြည်ထောင်စု၊ Colarado State University မှ ကျောင်းသားကျောင်းသူများ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ လေ့လာရေးခရီးလာရောက်ခြင်း

  • News

အမေရိကန်ပြည်ထောင်စုမှ တက္ကသိုလ်ကျောင်းသားကျောင်းသူ (၆၀၀) ဦးခန့် လိုက်ပါလာသည့် ကမ္ဘာတစ်ဝှမ်းသို့ သင်္ဘောဖြင့်လှည့်လည်လေ့လာရင်း တက္ကသိုလ်ဘာသာရပ်များကို သင်ယူလျက်ရှိသော M.V. World Odyssey အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်အတွင်း အမေရိကန်ပြည်ထောင်စုရှိ Colarado State University မှ Professor Dr. William Jennings ဦးဆောင်သည့် ကျောင်းသားကျောင်းသူ (၂၉) ဦးခန့်ပါဝင်သော လေ့လာရေးအဖွဲ့ငယ်တစ်ဖွဲ့သည် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ လေ့လာရေးခရီးအဖြစ် လာရောက်လေ့လာခဲ့ကြပါသည်။

လေ့လာရေးခရီးလာရောက်ကြသည့် အမေရိကန်ပြည်ထောင်စု၊ Colarado State University မှ ကျောင်းသားကျောင်းသူများအား မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက တွေ့ဆုံကာ ကော်မရှင်၏ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်ရေးဆောင်ရွက်ချက်များကို ဆွေးနွေးပြောကြားခဲ့ပြီး ကျောင်းသားကျောင်းသူများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းပြောကြားခဲ့ပါသည်။​

Recent News