အမျိုးသမီးအခွင့်အရေးများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်
နိုင်ငံတော်သည် အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့်စပ်လျဉ်း၍
အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း NSPAW Phase II (၂၀၂၃-၂၀၃၂) ကို ဆောင်ရွက်လျက်ရှိပါသည်။
မဟာဗျူဟာစီမံကိန်း၏ အမျိုးသမီးအခွင့်အရေးနှင့်
လူ့အခွင့်အရေး ကဏ္ဍရှိ လုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက်လည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် ကျရောက်မည့်
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ကြိုဆိုသည့်အနေဖြင့်လည်းကောင်း အမျိုးသမီးအခွင့်အရေးများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို မြန်မာနိုင်ငံအမျိုးသား
လူ့အခွင့်အရေး ကော်မရှင်ရုံး (ရန်ကုန်) ၌ ၅-၃-၂၀၂၆ ရက်နေ့၊ ၀၉း၃၀ နာရီအချိန်တွင်
ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဖွင့်ပွဲအခမ်းအနားသို့
ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်နှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အမျိုးသမီးများနှင့်
လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ဝန်ကြီးဌာန
အဖွဲ့အစည်းများမှ လုပ်ငန်းကော်မတီဝင်များ စုစုပေါင်း ၄၂ ဦး တက်ရောက်ခဲ့ကြပါသည်။
ဦးစွာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး
ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က အဖွင့်အမှာစကားပြောကြားရာတွင် လူ့အခွင့်အရေးဆိုသည်မှာ လူသားအားလုံးရရှိအပ်သည့် မွေးရာပါအခွင့် အရေးများဖြစ်ပါကြောင်း၊ အမျိုးသမီးများအပေါ် လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူများဖြစ်သော
တန်းတူညီမျှမှုရှိစေရန်နှင့် ခွဲခြားဆက်ဆံမှုမရှိစေရန် (Equality and
Non-discrimination) ကို လက်တွေ့
အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြပါကြောင်း၊ နိုင်ငံတော်အနေဖြင့် အမျိုးသမီးအခွင့်အရေးများကို
ဆောင်ရွက်လျက်ရှိသည့်နည်းတူ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကလည်း
အမျိုးသမီးများနှင့် အမျိုးသမီးငယ်များ၏အခွင့်အရေးများကို
မြှင့်တင်ကာကွယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊
ယနေ့ဆွေးနွေးချက်မှ ထွက်ပေါ်လာမည့် အကြံပြုချက်များသည်
NSPAW မဟာဗျူဟာစီမံကိန်း ပန်းတိုင်အကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေမည့်အတွက် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာသူများကလည်း
NSPAW မဟာဗျူဟာစီမံကိန်းပါအမျိုးသမီးများနှင့်
လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းများကိုလည်း တက်ကြွစွာ ပါဝင်ဆွေးနွေးကြပါလို့
တိုက်တွန်းပါကြောင်း ပြောကြားပါသည်။
ထို့နောက် အမျိုးသမီးများနှင့် လူ့အခွင့်အရေးဆိုင်ရာ
လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊
ညွှန်ကြားရေးမှူးချုပ် ဦးကျော်နိုင်က အလုပ်ရုံဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ ပဏာမရှင်းလင်းဆွေးနွေးပြီး
ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခိုင်ခိုင်ဝင်းက လူ့အခွင့်အရေး အခြေခံအယူအဆအကြောင်းနှင့်
အမျိုးသမီးအခွင့်အရေးများအကြောင်းတို့ကို ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ အမျိုးသမီးများနှင့် လူ့အခွင့်အရေးဆိုင်ရာ
လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးနှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်တို့က အမျိုးသမီးများနှင့်
လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ (၂၀၂၃ - ၂၀၃၂) ကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ် ၁၂ ရပ်နှင့်စပ်လျဉ်း၍
ဆောင်ရွက်ရမည့်လုပ်ငန်း တစ်ခုချင်းအပေါ် အသီးသီးရှင်းလင်းဆွေးနွေးရာတွင် တက်ရောက်လာသူများကလည်း ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် အမျိုးသမီးများနှင့် လူ့အခွင့်အရေးဆိုင်ရာ
လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ကော်မရှင်ရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်နိုင်က နိဂုံးချုပ်အမှာစကား
ပြောကြားခဲ့ပြီး အလုပ်ရုံ ဆွေးနွေးပွဲကို ၁၆း၃၀
နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်