အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (SEANF) ၏ လုပ်ငန်းအဖွဲ့အစည်းအဝေးသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခြင်း

  • News

    ဖိလစ်ပိုင်နိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်(CHRP) ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးညွန့်ဆွေ နှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇေယျာလင်း တို့သည် ၂၀၁၇ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံ၊ Quezon မြို့၌ ကျင်းပသော အရှေ့တောင် အာရှအမျိုးသားလူ့အခွင့် အရေးအဖွဲ့အစည်းများ ဖိုရမ်၏ လုပ်ငန်းအဖွဲ့အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

    အစည်းအဝေး၌ ဖိုရမ်၏ အမြဲတမ်းအတွင်းရေးမှူးချုပ်ရုံး (Permanent Secretariat) တည်ထောင်ဖွင့်လှစ်ရန်ဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ၊ အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်၏၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ဆောင်ရွက်မည့် မဟာဗျူဟာလုပ်ငန်းစဉ် ကိစ္စရပ်များ၊ အာဆီယံ ဒေသတွင်းရှိ အဖွဲ့အစည်းများနှင့် ဖိုရမ်တို့ ထိတွေ့ဆက်ဆံမှုဆိုင်ရာ ကိစ္စရပ်များနှင့် ရွှေ့ပြောင်းသွားလာမှုနှင့် လူ့အခွင့်အရေးကိစ္စရပ်များ အပါအဝင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပါသည်။

Recent News