အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (SEANF) ၏ (၂၁) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးနှင့် ဆက်စပ်ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် တက်ရောက်ခြင်း

  • News

အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (SEANF) ၏ (၂) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးနှင့် ဆက်စပ် ဆွေးနွေးပွဲကို အလှည့်ကျဥက္ကဋ္ဌ ဖြစ်သည့်  တီမောလက်စ်တေလူ့အခွင့်အရေးကော်မရှင်က ဦးဆောင်ကာ ဒီလီမြို့တွင် ၂၀၂ ခုနှစ်၊ နိုဝင် ဘာလ ၁၈ ရက်နေ့မှ ၂ ရက်နေ့အထိ hybrid ပုံစံဖြင့် ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်၊ ကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာ သန်းမြင့်၊ ဒေါက်တာတင်မောင်မောင်သန်းနှင့် ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းနှင့် ညွှန်ကြားရေးမှူး ဦးဇေယျာလင်းတို့က Online Platform မှ တစ်ဆင့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။ ဖိုရမ်အဖွဲ့ဝင်များဖြစ်ကြသည့် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် တီမောလက်စ်တေနိုင်ငံ လူ့အခွင့်အရေးကော်မရှင်များက In person  ပါဝင် တက်ရောက် ခဲ့ကြပါသည်။

နှစ်ပတ်လည်အစည်းအဝေးတွင် အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်း များဖိုရမ်၏ ၂၀၂ ခုနှစ်အတွက် အလှည့်ကျ ဥက္ကဋ္ဌ တီမောလက်စ်တေနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်မှ ဥက္ကဋ္ဌ Mr. Virgilio da Silva Guterres က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

အစည်းအဝေးတွင် ဖိုရမ်၏ (၂ဝ)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး နောက်ပိုင်း ကာလအတွင်း ဖိုရမ်အဖွဲ့ဝင် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်များ၏ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆောင်ရွက်ချက်များနှင့် တိုးတက်ဖြစ်ထွန်းမှုများ၊ အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (SEANF) ၏ မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၆) ပါ ဦးစားပေးကိစ္စရပ် (၅) ရပ်နှင့်စပ်လျဉ်း၍ ဖိုရမ်အဖွဲ့ဝင်များ ၏ အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများ၊ ဖိုရမ်၏ Rules of Procedure (RoP) ပြင်ဆင်ရေးဆိုင်ရာကိစ္စရပ်များ၊ အကျဉ်းသားများ လွှဲပြောင်းမှုနှင့်စပ်လျဉ်း၍ မလေးရှားနိုင်ငံ လူ့အခွင့်အရေးကော်မရှင်၏ ဆောင်ရွက်ချက်များ၊ ထိုင်ဝမ်အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က Right Con ခေါင်းစဉ်ဖြင့် ကျင်းပမည့် ဆွေးနွေးပွဲသို့ ဖိတ်ကြားခြင်းဆိုင်ရာကိစ္စရပ်၊ သက်ကြီးရွယ်အို အခွင့်အရေးဆိုင်ရာကိစ္စရပ်နှင့် မလေးရှားနိုင်ငံ၊ Sabah ပြည်နယ်ရှိ နိုင်ငံမဲ့ဖြစ်နေသူများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ အာရှ-ပစိဖိတ် အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်း များဖိုရမ် (APF) နှင့် ညှင်းပန်းနှိပ်စက်မှု တားဆီးကာကွယ်ရေးဆိုင်ရာအဖွဲ့ (APT) တို့နှင့် ဖိုရမ်တို့ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

          ဖိုရမ်၏ နှစ်ပတ်လည်အစည်းအဝေးတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က ဖိုရမ်၏ (၂၀) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး နောက်ပိုင်းကာလအတွင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတို့နှင့် စပ်လျဉ်းသည့် ဆောင်ရွက်ချက်များနှင့် တိုးတက်ဖြစ်ထွန်းမှုများကို ဆွေးနွေးခဲ့ပါသည်။ ထို့နောက် ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းက (SEANF) ၏ မဟာဗျူဟာ စီမံကိန်း (၂၀၂၂-၂၀၂၆) ဦးစားပေးကိစ္စရပ် အမှတ် (၂) ဖြစ်သည့် စီးပွားရေးလုပ်ငန်းများတွင် လူ့အခွင့်အရေး မြှင့်တင်ကာကွယ်ပေးရေးနှင့်စပ်လျဉ်း၍ ကော်မရှင်၏အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။

နှစ်ပတ်လည်အစည်းအဝေးအပြီးတွင် ၂၀၂ ခုနှစ်အတွက် ဖိုရမ်၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို အင်ဒိုနီးရှားနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ထံသို့ တီမောလက်စ်တေနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။

          နိုဝင်ဘာလ ၂ ရက်နေ့တွင် ဖိုရမ်၏ဆက်စပ်ဆွေးနွေးပွဲကို “အရှေ့တောင်အာရှဒေသတွင်း စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများဆိုင်ရာ ကောင်းမွန်သော အလေ့အကျင့်များနှင့် အတွေ့အကြုံများ မျှဝေခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး ဆွေးနွေးပွဲ သို့ တီမောလက်စ်တေနိုင်ငံ သမ္မတ H.E. Dr. José Ramos-Horta တက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါသည်။

 ဆွေးနွေးပွဲသို့ ဖိုရမ်အဖွဲ့ဝင် အမျိုးသားလူ့အခွင့်အရေးကော်မရှင်များမှ ဥက္ကဋ္ဌများ၊ ဒုတိယ ဥက္ကဋ္ဌများ၊ ကော်မရှင်အဖွဲ့ဝင်များ၊ ရုံးဝန်ထမ်းများ၊ တီမောလက်စ်တေနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ အရပ်ဘက် အဖွဲ့အစည်းများနှင့် ဘာသာရပ်ဆိုင်ရာ ပညာရှင် များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ ဆွေးနွေးပွဲ အကြောင်းအရာနှင့်စပ်လျဉ်း၍ ကော်မရှင် အဖွဲ့ဝင် ဒေါက်တာတင်မောင်မောင်သန်းက  ပါဝင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။

     မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News