ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၊ ဖျာပုံမြို့၊ ကျိုက်လတ်မြို့နှင့် ဒေးဒရဲမြို့များတွင် လူ့အခွင့်အရေး အကြောင်းသိကောင်းစရာရှင်းလင်းဆွေးနွေးပွဲများကျင်းပ

  • News

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ လူ့အခွင့်အရေးအကြောင်း သိကောင်း စရာများ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ၁၂ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့ တိုးရွှေဝါခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ် များနှင့် ပြည်သူလူထုများ အင်အား (၈၅) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြပါသည်။ အလားတူ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ၁၃ရက်နေ့ နံနက်ပိုင်းတွင် ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမတွင် ကျင်းပခဲ့ရာအင်အား (၃၆၀) ဦးတက်ရောက်ခဲ့ကြပါသည်။ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့ နေ့လယ်ပိုင်းတွင် ကျိုက်လတ်မြို့၊ ရွှေဝါလတ်ခန်းမတွင် ကျင်းပပြုလုပ်ရာအင်အား (၂၁၀) ဦး တက်ရောက်ခဲ့ကြပါသည်။ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ဒေးဒရဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးခန်းမတွင် ကျင်းပခဲ့ရာ အင်အား (၂၆၀) ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားများတွင် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာမြင့်ကြည်က လူ့အခွင့်အရေးဆိုင်ရာ အနှစ်သာရနှင့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကိုလည်းကောင်း၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းခြင်း၊ လုပ်ငန်းဆောင်ရွက်ချက်များနှင့် တိုင်တန်းချက် လုပ်ထုံးလုပ်နည်းများ အကြောင်းကိုလည်းကောင်း အသီးသီရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများ၏ သိရှိလိုသည့် မေးမြန်းချက်များအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားခဲ့ပါသည်။

Recent News