“APF Interactive Dialogue on A universal human right to a healthy, sustainable environment – the role of NHRIs” နှင့် 27th APF Annual General Meeting’’ သို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ပါဝင်တက်ရောက်

  • News

    အာရှ-ပစိဖိတ်အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (Asia Pacific Forum of National Human Rights Institutions – APF) က ကြီးမှူး၍ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ကျင်းပသော “Interactive Dialogue on A universal human right to a healthy, sustainable environment – the role of NHRIs” နှင့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကျင်းပသော ဖိုရမ်၏ ၂၇ ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်မှ ကိုယ်စားလှယ်အဖွဲ့သည် virtual online platform စနစ်အသုံးပြု၍ ပါဝင်တက်ရောက်ခဲ့ပါသည်။

          ဖိုရမ်၏ “Interactive Dialogue on A universal human right to a healthy, sustainable environment – the role of NHRIs” သို့ အာရှ-ပစိဖိတ်အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ ဖိုရမ်၏ အဖွဲ့ဝင် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိဂျီနိုင်ငံ လူ့အခွင့်အရေးကော်မရှင်မှ ကိုယ်စားလှယ်က လေ့လာသူအဖြစ် တက်ရောက်ခဲ့ကာ  စုစုပေါင်း (၇၅) ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်း၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်၊ ကော်မရှင် အဖွဲ့ဝင် ဒေါက်တာတင်မောင်မောင်သန်းနှင့် ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခိုင်ခိုင်ဝင်း တို့ပါဝင်တက်ရောက်ခဲ့ပါသည်။

          Interactive Dialogue on A universal human right to a healthy, sustainable environment – the role of NHRIs” တွင် Special Rapporteur on the promotion and protection of human rights in the context of climate change ဖြစ်သူ Dr. Ian Fry နှင့် ဖိလစ်ပိုင် နိုင်ငံ၊ မော်လ်ဒိုက်ဗ်နိုင်ငံ၊ ဆာမိုအာနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အီရတ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ နယူးဇီလန်နိုင်ငံ၊ ပါလက်စတိုင်း လူ့အခွင့်အရေးအဖွဲ့အစည်းများမှ ကော်မရှင်ဥက္ကဋ္ဌများ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် အကြီးတန်းအရာရှိတို့က ရာသီဥတုပြောင်းလဲမှု အခြေအနေများ၊ ရာသီဥတုပြောင်းလဲမှုကြောင့် လူ့အခွင့်အရေးနစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်းပြီး ဆွေးနွေးပြောကြားခဲ့ကြပါသည်။

          ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကျင်းပသော ဖိုရမ်၏ ၂၇ ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးသို့ အာရှ-ပစိဖိတ် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်၏ လက်ရှိ ဥက္ကဋ္ဌဖြစ်သူ Emeritus Professor Rosalind Croucher AM ဖိုရမ်မှ အကြီးတန်းအရာရှိများ၊ ဖိုရမ်အဖွဲ့ဝင် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်း၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်၊ ကော်မရှင် အဖွဲ့ဝင် ဒေါက်တာ တင်မောင်မောင်သန်းနှင့် ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခိုင်ခိုင်ဝင်း တို့ပါဝင် တက်ရောက်ခဲ့ပါသည်။

          ဖိုရမ်၏ နှစ်ပတ်လည်အစည်းအဝေးတွင် APF ၏ ၁-၇-၂၀၂၁ ရက်နေ့မှ ၃၀-၆-၂၀၂၂ ရက်နေ့ အထိ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာ တင်ပြဆွေးနွေးခြင်း၊ APF ၏ ကျား-မ တန်းတူညီမျှမှုနှင့် စပ်လျဉ်းသည့် မဟာဗျူဟာ အစီရင်ခံစာ တင်ပြဆွေးနွေးခြင်း၊ APF ၏ ဘဏ္ဍာရေးစာရင်းရှင်းလင်းချက်ကို ဖိုရမ် အဖွဲ့ဝင်များသို့ တင်ပြဆွေးနွေးခြင်း၊ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဆိုင်ရာ ကမ္ဘာ့အဖွဲ့ကြီး (Global Alliance of National Human Rights Institutions - GANHRI)၏ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ အဆင့်သတ်မှတ်ရေးကော်မတီ (Sub-Committee on Accreditation - SCA) က ဖိုရမ်အဖွဲ့ဝင် အီရတ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အာဖဂန်နစ္စတန်နိုင်ငံ လူ့အခွင့်အရေးကော်မရှင်များအား အဆင့်သတ်မှတ်မှု အခြေအနေကို တင်ပြဆွေးနွေးခြင်း၊ ဖီဂျီနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ APF အဖွဲ့ဝင်အဖြစ် လျှောက်ထားတင်ပြမှုကို တင်ပြဆွေးနွေးခြင်း၊ APF Governance Committee ဝင်အသစ်များ ရွေးချယ်ခြင်း၊ GANHRI ဥက္ကဋ္ဌ၏ အစီရင်ခံစာ ဖတ်ကြားဆွေးနွေးခြင်း၊ GANHRI Bureau အတွက် APF ၏ ကိုယ်စားလှယ်ရွေးချယ်ခြင်း၊ GANHRISub-Committee on Accreditation (SCA) အတွက် APF ၏ ကိုယ်စားလှယ်ရွေးချယ်ခြင်း၊ အထွေထွေ ကိစ္စရပ်များဆွေးနွေးခြင်း စသည့် ကိစ္စရပ်များကို ဖိုရမ်အဖွဲ့ဝင်များအကြား ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။

 

Recent News