APF Virtual Dialogue on Climate Change and Human Rights: Role of NHRIs သို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခြင်း

  • News

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် အာရှ-ပစိဖိတ်အမျိုးသားလူ့အခွင့်အရေး အဖွဲ့ အစည်းများဖိုရမ် (APF) တို့ ပူးပေါင်းစီစဉ်ဆောင်ရွက်သော “APF Virtual Dialogue on Climate Change and Human Rights: Role of National Human Rights Institutions” ဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့၊ (၁၁း၃ဝ) အချိန်၌ zoom platform အသုံးပြု၍ ကျင်းပခဲ့ပြီး APF အဖွဲ့ဝင်နိုင်ငံဖြစ်သည့် အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ဥက္ကဋ္ဌ ဦးလှမြင့်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်း၊ အဖွဲ့ဝင် များဖြစ်သည့် ဦးပေါ်လွင်စိန်၊ ဒေါက်တာသန်းမြင့်၊ ဒေါက်တာတင်မောင်မောင်သန်းနှင့် ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူး ဦးဇေယျာလင်းနှင့် ဝန်ထမ်း () ဦး အပါအဝင် တက်ရောက်သူစုစုပေါင်း (၃ဝ) ဦးခန့် တက်ရောက်ခဲ့ကြသည်။

          ဆွေးနွေးပွဲတွင် APF အတွင်းရေးမှူးချုပ်ရုံး Principal Advisor ဖြစ်သူ Ms. Pip Dargan မှ ဆွေးနွေးပွဲ moderator အဖြစ် ဆောင်ရွက်ခဲ့ကာ အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ဆွေးနွေးပွဲ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများအကြား လူ့အခွင့်အရေးနှင့် ရာသီဥတု ပြောင်းလဲမှုနှင့် စပ်လျဉ်းသည့်အတွေ့အကြုံများနှင့် ကောင်းမွန်သည့် စံနမူနာကောင်းများကို မျှဝေ သွားကြရန်နှင့် Climate change and Human Rights ကိစ္စရပ်များအပေါ် အဖွဲ့ဝင်များအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးသွားရန် ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

          ထို့နောက် ဆွေးနွေးပွဲ၏ panel session ကို ဆက်လက်ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်က ရာသီဥတုပြောင်းလဲမှုနှင့် စပ်လျဉ်းသည့် နိုင်ငံ၏ ဆောင်ရွက်မှုအခြေအနေများ၊ ကော်မရှင်၏ Climate Change နှင့်စပ်လျဉ်းသော ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များ၊ ရာသီဥတုပြောင်းလဲမှုကြောင့် vulnerable group ဖြစ်သည့် အမျိုးသမီး များ၏ အခန်းကဏ္ဍနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ပါသည်။

ဆက်လက်၍ ဖိလစ်ပိုင်နိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ဘာသာရပ်ဆိုင်ရာ ညွှန်ကြားရေးမှူး Dr.Renante Basas ၊ မော်လ်ဒစ်(ဗ်) လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ Ms. Mariyam Muna ၊ အိန္ဒိယနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ Mr. Justice Arun Mishra နှင့် APF မှ အကြံပေးပုဂ္ဂိုလ် Mr. Romulo Nayacalevu တို့က ၎င်းတို့၏ နိုင်ငံအလိုက် ရာသီဥတုပြောင်းလဲမှု ကြောင့် ထိခိုက်နစ်နာဆုံးရှုံးမှုများနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာဆောင်ရွက်နေမှု အခြေအနေများ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဥပဒေ၊ မူဝါဒချမှတ်ရေး ကိစ္စရပ်များ၊ အရပ်ဘက်အဖွဲ့အစည်းများ နှင့် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ ပါဝင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ IGM Project ဆိုင်ရာကိစ္စရပ်များ၊ ရှေ့ဆက်ဆောင်ရွက်မည့်အခြေအနေနှင့် အခွင့်အလမ်းများကို တင်ပြဆွေးနွေးခဲ့ ကြပါသည်။ ယင်းနောက် panelist များ၏ ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍  ဆွေးနွေးပွဲ တက်ရောက်သူများက ဝိုင်းဝန်း ဆွေးနွေး အကြံပြုခဲ့ကြပြီး နေ့လယ် (၁၃းဝဝ) အချိန်၌ ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ပါသည်။

Recent News