Justice Trust ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ၊ National Network for Education Reform နှင့် Letpadan Justice Committee တို့မှ အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များတွေ့ဆုံခြင်း

  • News

     Justice Trust မှ အမှုဆောင်ဒါရိုက်တာ Mr.Rorger Normand၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂမှ ကိုအောင်နေပိုင်၊ Letpadan Justice Committee မှ ဦးထွန်းဦး၊ ဒေါ်ခင်ခင်ယုနှင့် National Network for Education Reform မှ ​ဒေါက်တာကျော်သူတို့သည် ၂၃-၁၂-၂၀၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီမှ ၄ နာရီအထိ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးသို့လာရောက်ပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးဇော်ဝင်း၊ ဒေါက်တာ ဉာဏ်ဇော်၊ ဒေါက်တာဒေါ်သန်းနွဲ့၊ ဒေါ်မြမြတို့နှင့်တွေ့ဆုံပြီး သာယာဝတီ အကျဉ်းထောင်တွင် (၉) လတာ ထိန်းသိမ်း ခံထားရသော အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး သပိတ်မှောက်တောင်းဆို ဆန္ဒပြခဲ့ကြသည့် ကျောင်းသူ၊ ကျောင်းသားများနှင့် ဝန်းရံပြည် သူများကို ကျန်းမာရေးစောင့်ရှောက်မှုကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

Recent News