MNHRC Orientation Session on Business and Human Rights ကျင်းပခြင်း

  • News

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့ ပူးပေါင်း၍ MNHRC Orientation Session on Business and Human Rights ဆွေးနွေးပွဲတစ်ရပ်ကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့၊ (၁၀း၀၀) နာရီမှ (၁၂း၃၀) နာရီအထိ Zoom Platform အသုံးပြု၍ ကျင်းပခဲ့သည်။

    ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်၊ ဒုတိယ ဥက္ကဋ္ဌနှင့် ကော်မရှင် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် အရာထမ်းများ၊ UNDP မှ Strengthening Accountability and Rule of Law (SARL) Project Project Manager ဖြစ်သူ Mr. Thomas Crick UNDP Business and Human Rights Global Adviser ဖြစ်သူ Mr. Livio Sarandrea နှင့် အကြီးတန်းအရာရှိများနှင့် ဝန်ထမ်းများ၊ UN Working Group on Business and Human Rights မှ Dr. Surya Deva၊ ထိုင်းနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ ခေတ္တဥက္ကဋ္ဌ ဖြစ်သူ Mrs. Prakairatana Thonteeravong၊ အာရှပစိဖိတ်အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများ ဖိုရမ် နှင့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) တို့မှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိက စီးပွားရေးကဏ္ဍများမှ ကိုယ်စားလှယ် များပါဝင် တက်ရောက်ခဲ့ကြပြီး စုစုပေါင်း ၃၇ ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြသည်။

    ဆွေးနွေးပွဲတွင် UNDP မှ Accountability & Rule of Law Officer ဖြစ်သူ Mr. Kaspar Burger UN Working Group on Business and Human Rights မှ Dr. Surya Deva၊ နှင့် မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ၏ ညွှန်ကြားရေးမှူးဖြစ်သူ Ms. Vicky Bowman တို့က စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေးဘာသာရပ်နှင့် စပ်လျဉ်း၍ လည်းကောင်း၊ ထိုင်းနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ခေတ္တဥက္ကဋ္ဌ ဖြစ်သူ Mrs. Prakairatana Thontiravong က စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေးဘာသာရပ်နှင့် အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ အခန်းကဏ္ဍတို့နှင့်စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးပြောကြားမှုများ ပြုလုပ်ခဲ့ကြကာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

 

Recent News