ဆောင်ရွက်ချက်အမှတ်စဉ် (၅/၂၀၁၆/ကာကွယ်)

  • News

၁။      ၁၇-၂-၂၀၁၅ ရက်နေ့မှ ၁၈-၂-၂၀၁၅ ရက်နေ့ထိ အင်းစိန်ဗဟိုအကျဉ်းထောင်ကို ကြည့်ရှုစစ်ဆေးပြီး နေရာထိုင်ခင်းကြပ်တည်းမှုကို ဖြေရှင်းနိုင်ရန်အတွက် အကျဉ်းသား၊ အကျဉ်းသူအိပ်ဆောင်များကို တိုးချဲ့ဆောက်လုပ်သင့်ကြောင်း အကြံပြုခဲ့ရာ၊ အကျဉ်းသားအိပ်ဆောင်များ တိုးချဲ့ဆောက်လုပ်ရေးအတွက် ရန်ပုံငွေများ တောင်းခံလျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရထံမှ တောင်းခံသည့် ဘဏ္ဍာငွေ အပြည့်အဝမရရှိသေးသဖြင့် ရရှိသည့်ရန်ပုံငွေအပေါ်မူတည်၍ ဦးစားပေးဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ၇-၈-၂၀၁၅ ရက်နေ့တွင် ပြန်ကြားခဲ့ပါသည်။

၂။      ၃-၄-၂၀၁၅ ရက်နေ့တွင် ဘူးသီးတောင်အကျဉ်းထောင်ကို ကြည့်ရှုစစ်ဆေးပြီး အိပ်ဆောင် ဝင်ဆံ့မှုထက် အကျဉ်းသားဦးရေမှာ ကျော်လွန်နေသည့်အတွက် အိပ်ဆောင်များ တိုးချဲ့တည်ဆောက်သင့်​​ကြောင်း အကြံပြုခဲ့ရာ၊ ၂၀၁၅ ခုနှစ်၊ ဇွန်လနှင့် ဇူလိုင်လအတွင်း အရေးကြီး အကျဉ်းသား ၂၁၃ ဦး လွတ်မြောက်သွားသည့်အတွက် လက်ရှိအိပ်ဆောင်များဖြင့် လုံလောက်မှုရှိ​ကြောင်း၊ လက်ခံနိုင် သည့်အင်အားမှာ ၁၀၇၂ ဦးဖြစ်ပြီး ၁၈-၇-၂၀၁၅ ရက်​နေ့ရှိ အင်အားမှာ ၁၁၁၇ ဦးရှိသဖြင့် ၄၅ ဦး သာ ပိုမိုလက်ခံထားရှိကြောင်း၊ နောင်တွင် ဘတ်ဂျက်ရရှိပါက နှစ်ထပ်အိပ်ဆောင် ဆောက်လုပ်ရန် စီစဉ်မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ၇-၈-၂၀၁၅ ရက်နေ့တွင် ပြန်ကြားခဲ့ပါသည်။

၃။      ၇-၅-၂၀၁၅ ရက်နေ့တွင် မိုင်းဆတ်အကျဉ်းထောင်ကို ကြည့်ရှုစစ်ဆေးပြီး အကျဉ်းသား / အချုပ်သား ဝင်ဆံ့မှုထက် ကျော်လွန်၍ လက်ခံနေရသည့်အတွက် အိပ်ဆောင်များ တိုးချဲ့ဆောက် လုပ်သင့်​ကြောင်း အကြံပြုခဲ့ရာ၊ လက်ရှိအိပ်ဆောင်များဖြင့် အနည်းငယ်ကြပ်သော်လည်း လုံလောက်မှုရှိကြောင်း၊ လက်ခံနိုင်သည့်အင်အားမှာ ၂၃၇ ဦးဖြစ်ပြီး ၁၈-၇-၂၀၁၅ ရက်​နေ့ရှိ အင်အားမှာ ၂၇၀ ဦးရှိသဖြင့် ၃၃ ဦးသာ ပိုမိုလက်ခံထားရှိကြောင်း၊ နောက်ဘတ်ဂျက်ရရှိပါက နှစ်ထပ်အိပ်ဆောင်ဆောက်လုပ်ရန် စီစဉ်မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ၇-၈-၂၀၁၅ ရက်နေ့တွင် ပြန်ကြားခဲ့ပါသည်။

၄။      ၇-၆-၂၀၁၅ ရက်​​နေ့တွင် မန္တလေးအကျဉ်းထောင်ကို ကြည့်ရှုစစ်ဆေးပြီး အိပ်ဆောင်ဝင်ဆံ့မှုထက် အကျဉ်းသားဦးရေမှာ ကျော်လွန်နေသည့်အတွက် အိပ်ဆောင်များ တိုးချဲ့တည်ဆောက်ခြင်း၊ အာမခံပေးသင့်သည့်အချုပ်သားများကို အာမခံပေးခြင်း၊ လွတ်နီးအကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း သို့မဟုတ် ခံဝန်ဖြင့်နေထိုင်စေခြင်းများ ပြုလုပ်သင့်ကြောင်း အကြံပြုခဲ့ရာ၊ အမျိုးသားအိပ်ဆောင် (၃) ဝန်းအတွင်း၌ လူ ၆၀၀ ဆံ့ နှစ်ထပ်အိပ်ဆောင် ၁ လုံး ထပ်မံဆောက် လုပ်ခွင့်ရရှိရန် ဘတ်ဂျက်တင် တောင်းခံထားရှိကြောင်း၊ အချုပ်သားများ အာမခံ ပေးခြင်းအား တရားရုံးများမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ လွတ်နီးအကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပြုပြီး သို့မဟုတ် ခံဝန်ဖြင့်နေထိုင်စေခြင်းကို နိုင်ငံတော်သမ္မတကသာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ၁၆-၃-၂၀၁၆ ရက်နေ့တွင် ပြန်ကြားခဲ့ပါသည်။

၅။      ၁၁-၆-၂၀၁၅ ရက်နေ့တွင် လားရှိုးအကျဉ်းထောင်ကို ကြည့်ရှုစစ်ဆေးပြီး အိပ်ဆောင်ဝင်ဆံ့မှုထက် အကျဉ်းသားဦးရေမှာ ကျော်လွန်နေသည့်အတွက် အိပ်ဆောင်များ တိုးချဲ့တည်ဆောက်ခြင်း၊ အာမခံပေးသင့်သည့်အချုပ်သားများကို အာမခံပေးခြင်း၊ လွတ်နီးအကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း သို့မဟုတ် ခံဝန်ဖြင့်ပြင်ပတွင် နေထိုင်စေခြင်းများ ဆောင်ရွက်သင့်ကြောင်း အကြံပြုခဲ့ရာ၊ အကျဉ်းဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ ICRC တို့ ပူး​​ပေါင်း၍ လားရှိုးအကျဉ်းထောင်၌ အကျဉ်းသား အိပ်ဆောင်အမှတ် (၁၊ ၃၊ ၄) တို့တွင် ထပ်ခိုးဆောက်လုပ်ရန် လုပ်ငန်းများစတင်ဆောင်ရွက်လျက်ရှိကြောင်း၊ လစဉ်လည်း အကျဉ်းသားများ ပြောင်းရွှေ့ပေးလျက်ရှိကြောင်း၊ အာမခံပေးရန်မှာ တရားရုံး၏ ကိစ္စသာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ၁၆-၃-၂၀၁၆ ရက်နေ့တွင် ပြန်ကြားခဲ့ပါသည်။

၆။      ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လားရှိုး၊ သီပေါနှင့် လောက်ကိုင်အကျဉ်းထောင် ၃ ခု သာရှိ၍ သင့်လျော်သောနေရာတွင် အကျဉ်းထောင်များ ထပ်မံတိုးချဲ့ဖွင့်လှစ်ရန် စဉ်းစားသင့်ကြောင်း အကြံပြုခဲ့ရာ၊ အကျဉ်းဦးစီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခွဲဝေတာဝန်ပေးအပ်မည့် အကျဉ်းထောင်နှင့် အလုပ်စခန်းများ အဆိုပြုဖွဲ့စည်းပုံသစ်အရ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ကျောက်မဲ၊ မူဆယ်၊ မိုးမိတ်မြို့နယ်တို့တွင်လည်း အချုပ်ထောင်သစ် ၃ ခု တိုးချဲ့ဖွင့်လှစ်ရန် လျာထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြန်ကြားခဲ့ပါသည်။

၇။      ၇-၁၀-၂၀၁၅ ရက်​နေ့တွင် ကော့သောင်းအကျဉ်းထောင်ကို ကြည့်ရှုစစ်ဆေးပြီး တစ်နိုင်ငံလုံးတွင် အသက် ၁၆ နှစ်မှ ၁၈ နှစ်ထိ လူငယ်အကျဉ်းသားများကို ဗဟိုအကျဉ်းထောင် ၃ ခုတွင် သာ လက်ခံထိန်းသိမ်းနိုင်ကြောင်း၊ ပြစ်မှုကျူးလွန်သူလူငယ်များ များပြားလာခြင်းကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးစိုက်ရာမြို့များရှိ အကျဉ်းထောင်များတွင် လူငယ်အကျဉ်းသားများကို ထားရှိထိန်းသိမ်းနိုင်ရန် သီးခြားအိပ်ဆောင်များ ဆောက်လုပ်ခြင်း၊  Vocational Training  များ ဖွင့်လှစ်ပေးခြင်းတို့ကို တိုးချဲ့ဆောင်ရွက်ပေးသင့်ကြောင်း အကြံပြုခဲ့ရာ၊ အကျဉ်းထောင်လက်စွဲ ဥပဒေ အပိုဒ် (၄၁၅) အရ လူငယ်အကျဉ်းသားများအား ခွဲခြားထိန်းသိမ်းရန်ဟု ပါရှိကြောင်း၊ လူ ငယ်အကျဉ်းသားများကို ဗဟိုအကျဉ်းထောင် ၃ ခုတွင်သာ လက်ခံထိန်းသိမ်းထားကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်ရုံးစိုက်ရာ ထောင်များတွင် လူငယ်အကျဉ်းသားများအား လက်ခံထိန်းသိမ်းရန်အတွက် လတ်တလောအခြေအနေတွင် ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ၂၈-၅-၂၀၁၆ ရက်နေ့တွင် ပြန်ကြားခဲ့ပါသည်။

Recent News