ကော်မရှင်အဖွဲ့ဝင်များ အင်ဒိုနီးရှားနိုင်ငံသို့ ဒေသဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခြင်း

  • News

    အင်ဒိုနီးရှားနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရမြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌဦးဝင်းမြ ခေါင်းဆောင်သော ကော်မရှင် အဖွဲ့ဝင်များ သည် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်း၌ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသော အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်၏ ညှင်းပမ်းနှိပ်စက်မှု ဆန့်ကျင်ရေးနှင့် ဖမ်းဆီးထိန်းသိမ်းမှု ဘာသာရပ်နှင့် စပ်လျဉ်းသည့် ဒေသဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည်။

    ဒေသဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတွင် ဖိုရမ်အဖွဲ့ဝင်များသည် အဆိုပါဘာသာရပ်နှင့် စပ်လျဉ်း သည့် စိန်ခေါ်မှုများနှင့် ဆက်လက်ဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို ဆွေးနွေး ကြသည်။

Recent News