ကချင်ပြည်နယ်ရှိ အစိုးရဝန်ထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်း

  • News

    ကချင်ပြည်နယ်ရှိ အစိုးရဝန်ထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းကို မြစ်ကြီးနားမြို့၊ နန်းသီတာဟိုတယ် တွင် ၂၀၁၄ခုနှစ် ဒီဇင်ဘာလ (၂၉) ရက်မှ (၃၁)ရက်နေ့အထိ (၃)ရက်ကြာကျင်းပခဲ့ပါသည်။ သင်တန်းသို့ မြစ်ကြီးနားမြို့ရှိအစိုးရအရာထမ်း (၂၉) ဦးနှင့် မြစ်ကြီးနားမြို့ပြင်ပရှိ အခြားခရိုင်/မြို့နယ်များမှ အစိုးရအရာထမ်း (၂၁)ဦး စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ပါသည်။ သင်တန်းဖွင့်ပွဲနှင့်ပိတ်ပွဲအခမ်းအနားများသို့ ကချင်ပြည်နယ် စိုက်ပျိုးရေး နှင့် မွေးမြူရေးဝန်ကြီး ဦးဘီထောဇောင်းမှ တက်ရောက်အမှာ စကားပြောကြားပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဌဦးစစ်မြိုင်မှ သင်တန်းဖွင့်ပွဲ နှင့် ပိတ်ပွဲ အမှာ စကားပြောကြားပါသည်။ သင်တန်းတွင် လူ့အခွင့်အရေး ဘာသာရပ်များ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် ကော်မရှင်ဥပဒေဘာသာရပ် များအပါအဝင် စုစုပေါင်း (၁၀) ဘာသာ သင်ကြားပို့ချခဲ့ပါသည်။

    ကော်မရှင်အဖွဲ့သည် မြစ်ကြီးနားမြို့သို့ ရောက်ရှိစဉ်အတွင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းနှင့်လည်းတွေ့ဆုံပြီး ကချင်ပြည်နယ်ရှိပြည်သူများ၏ လူ့အခွင့်အရေးကိစ္စရေး ရာများ ကိုလည်းဆွေးနွေးခဲ့ကြပါသည်။ အလားတူ ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် မြစ်ကြီးနားမြို့ရှိ စစ်ဘေးရှောင် ဒုက္ခသည်များအား ပြန်လည်နေရာချ ထားပေးသည့် ငွေပျော်စံပြကျေးရွာ နှင့် မြစ်ကြီးနားမြို့ရှိ စစ်ဘေးရှောင် ဒုက္ခသည် စခန်းများ ဖြစ်သည့် စီတာပူဆွတ်ငိုင် တောင် နှင့် ဂျာမိုင်ကောင်းအာရ်စီ၊ ဝိုင်းမော်မြို့ရှိ သာဂရ သရက်တော ကယ်ဆယ်ရေးစခန်း၊ စိန်ဂျိုးဇက် မိုင်းနားယာယီ တည်းခိုစခန်းများ သို့သွားရောက်ခဲ့ကြပြီး ကယ်ဆယ်ရေးစခန်းများမှ ပြည်သူများ နှင့် ကလေးများ၏ ကျန်းမာရေး၊ ပညာရေး နှင့် အခြေခံလိုအပ်ချက် အားတွေ့ဆုံ မေးမြန်း ဆွေးနွေးခြင်း၊ အားပေးစကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

Recent News