အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန (နေပြည်တော်) ၌ သင်ခန်းစာသွားရောက်ပို့ချခြင်း

  • News

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင်ဥပဒေပုဒ်မ ၂၂ ပါ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတို့ကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရန် လုပ်ငန်းများ အစဉ်တစိုက်ဆောင်ရွက်လျက်ရှိပါသည်။ ကော်မရှင်သည် လုပ်ငန်းလမ်းညွှန်အဖြစ် ရေးဆွဲထားသော ရှေ့လုပ်ငန်းစဉ်မူဘောင်ပါ ပန်းတိုင်၊ ရည်မှန်းချက်များနှင့်အညီ နှစ်အလိုက် လုပ်ငန်းစီမံချက်ကိုရေးဆွဲ၍ လုပ်ငန်းများကို အကောင်အထည် ဖော်လျက်ရှိပါသည်။

           မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်သည် ၁၅-၁၀-၂၀၂၆ ရက်နေ့၊ ၁၃:၀၀ နာရီမှ ၁၅:၂၀ နာရီအထိ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန (နေပြည်တော်)တွင် ဖွင့်လှစ်လျက်ရှိသည့် စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၆) ၌ လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးပို့ချမှုများ ပြုလုပ်ခဲ့ပါသည်။ အဆိုပါပို့ချမှုတွင် လူ့အခွင့်အရေးဆိုင်ရာ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်နှင့် အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများနှင့် လူ့အခွင့်အရေးတို့အကြား ဆက်စပ်မှုကို သိရှိနားလည်စေရန် ရည်ရွယ်၍ လူ့အခွင့်အရေးဆိုင်ရာစံနှုန်းများ၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ဥပဒေဘာသာရပ်နှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပို့ချခဲ့ပါသည်။ သင်တန်းတွင် သင်တန်းသား ၁၆  ဦး၊ သင်တန်းသူ  ၂၈ ဦး၊ စုစုပေါင်း သင်တန်းသား ၄၄ ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းသားများမှ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းခဲ့ကြရာ ပို့ချသူအရာရှိက ပြန်လည်ဖြေကြားခဲ့ပါသည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News