ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ ပူတာအိုနှင့် မချမ်းဘောမြို့များတွင် လူ့အခွင့်အရေ:အကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများ ကျင်းပ

  • News

    ပြည်သူလူထုအတွင်း လူအခွင့်အရေးဆိုင်ရာ အသိပညာများ ပိုမိုပြန့်ပွားစေရန်ရည်ရွယ်၍  မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်နှင့် ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးတို့က လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကချင်ပြည်နယ် ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဂူဘားခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊  တပ်မတော် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ အရပ်ဘက်အဖွဲ့အစည်း အသီးသီးမှပုဂ္ဂိုလ်များနှင့် ပြည်သူလူထုများ စုစုပေါင်းအင်အား (၁၅၃) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြပါသည်။

အလားတူ လူ့အခွင့်အရေးအကြောင်းသိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲကို ပူတာအိုမြို့ မြို့နယ်၊ ထဝမ်ရာဇီခန်းမ၌ ယင်းနေ့မွန်းလွဲ ၁၄:၀၀ နာရီအချိန်တွင်  ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊  တပ်မတော် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ အရပ်ဘက်အဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များနှင့် ပြည်သူလူထုများ စုစုပေါင်းအင်အား (၂၀၁) ဦး တို့ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားများတွင် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က လူ့အခွင့်အရေးဆိုင်ရာ အခြေခံအယူအဆများ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးက ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအကြောင်းကိုလည်းကောင်း အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများ၏ သိရှိလိုသည့် မေးမြန်းချက်များကို  ပြန်လည်ရှင်းလင်းဆွေးနွေးဖြေကြားခဲ့ကြပါသည်။