AIA Myanmar Co.,Ltd မှ “AIA Myanmar မှ ရရှိနိုင်သော ခံစားခွင့် ဝန်ဆောင်မှုများ” အကြောင်းသိကောင်းစရာများ ဟောပြောဆွေးနွေးခြင်း

  • News

          မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် AIA Myanmar Co.,Ltd တို့ ပူးပေါင်း ကျင်းပသည့် AIA Myanmar မှ ရရှိနိုင်သော ခံစားခွင့် ဝန်ဆောင်မှုများ” အကြောင်း သိကောင်းစရာ များ ဟောပြောဆွေးနွေးပွဲကို ၈-၉-၂၀၂၆ ရက်နေ့၊  ၁၀း၀၀ နာရီအချိန်တွင် ကော်မရှင်ရုံး Conference Room ၌ ကျင်းပရာ ဦးစွာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးသစ်လင်းအုန်းက အဖွင့်အမှာ စကားပြောကြားရာတွင် အာမခံလုပ်ငန်း ( Insurance ) နှင့် လူ့အခွင့်အရေး ( Human Rights ) တို့သည် အပြန်အလှန် ဆက်နွယ်မှုရှိသော ကဏ္ဍများဖြစ်ပြီး အသက်ရှင်သန်ခွင့်၊ ကျန်းမာရေးရပိုင်ခွင့်၊ လူမှုဖူလုံရေးနှင့် သင့်တင့်လျောက်ပတ်သော လူနေမှု အဆင့်အတန်း ရရှိပိုင်ခွင့်တို့ကို အထောက်အကူပြုနိုင်သော စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ လူတစ်ဦး၏ ဘဝအတွက် အရေးကြီးဆုံးအရာများထဲမှာမှ ကျန်းမာရေး၊ မိသားစုနဲ့ အနာဂတ်လုံခြုံမှုတို့ ပါဝင်ပြီး ယနေ့ကတည်းက ကြိုတင်စဉ်းစား၍ စနစ်တကျစီမံပြီး အာမခံထားရှိ နိုင်ရေးဆောင်ရွက်ကြရန်ထည့်သွင်းပြောကြားခဲ့ပါသည်။                                           

    ထို့နောက် AIA Myanmar မှ Financial Services Associate Director ဒေါက်တာ ရင်ရင်အေးက AIA Myanmar ၏ အသက်အာမခံအမျိုးအစားများနှင့် ဝန်ဆောင်မှုများ မိတ်ဆက်ခြင်း၊ အသက်အာမခံ ခံစားခွင့်နှင့် ဝန်ဆောင်မှုများအကြောင်းကို လည်းကောင်း၊ Financial Services Manager ဒေါ်ခင်ခိုင်ခိုင်နွယ်က ကျန်းမာရေးအာမခံ ခံစားခွင့်ဝန်ဆောင်မှုများ၊ ကျန်းမာရေးအလုံးစုံအာမခံအကြောင်း၊ စောင့်ဆိုင်းကာလသတ်မှတ်ချက်များနှင့် အကြုံးမဝင်သော ကိစ္စရပ်များအကြောင်းကိုလည်းကောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာ ကြသည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံး ဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ Financial Services Associate Director ဒေါက်တာ ရင်ရင်အေးက ပြန်လည်ဖြေကြားခဲ့ပြီး ဟောပြောဆွေးနွေးပွဲကို ၁၁း၃၅ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင် များနှင့် ကော်မရှင်ရုံး ဝန်ထမ်း (၈၄) ဦးနှင့် AIA Myanmar မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News