ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း နှစ် (၇၀) ပြည့်အထိမ်းအမှတ် အခမ်းအနားနှင့် အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်၏ (၁၅) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးသို့ ကော်မရှင်ကိုယ်စားလှယ် အဖွဲ့ပါဝင်တက်ရောက်ခြင်း

  • News

ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိသော ထိုင်းနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြနှင့် အဖွဲ့ဝင် ဦးညွန့်ဆွေတို့ သည် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်က ကျင်းပသော ကမ္ဘာ့လူ့အခွင့် အရေးကြေညာစာတမ်း နှစ် (၇၀) ပြည့်အထိမ်းအမှတ် အခမ်းအနားနှင့် ဖိုရမ်၏ (၁၅) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ကြသည်။

ဖိုရမ်၏ နှစ်ပတ်လည်အစည်းအဝေး၌ ဖိုရမ်အဖွဲ့ဝင် အမျိုးသားလူ့အခွင့်အရေးကော်မရှင်များ၏ ၂၀၁၈ ခုနှစ်အတွင်း လူ့အခွင့်အရေးမြှင့်တင် ကာကွယ်ရေးဆောင်ရွက်ချက်များ၊ ဖိုရမ်၏ အမြဲတမ်း အတွင်းရေးမှူးချုပ်ရုံး တည်ထောင်ရန်ကိစ္စ၊ ဖိုရမ်၏ (၂၀၁၇-၂၀၂၁) မဟာဗျူဟာကို အကောင် အထည်ဖော်ဆောင်ရွက်ရန်အတွက် ရှေ့လုပ်ငန်းစဉ်များ၊  လူ့အခွင့်အရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှု ရည်မှန်းချက်များနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအပါအဝင် အခြားသော လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် လူ့အခွင့်အရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှု ရည်မှန်းချက်များနှင့် စပ်လျဉ်းသည့် အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်၏ ထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။

 

Recent News